Wednesday, September 24, 2014

မန်ယူအသင်းအောင်မြင်မှုရယူနိုင်စွမ်းရှိနေဆဲဟု ရွန်နီပြော


ပရီးမီးယားလိဂ် ရာသီအစ ပိုင်းရလဒ် များကြောင့် ဝေဖန်မှုများကြုံတွေ့နေရသည့်တိုင် မန်ယူ အသင်းအောင်မြင်မှုရယူနိုင်စွမ်းရှိနေဆဲ ဖြစ်ကြောင်း အသင်း ခေါင်းဆောင် ရွန်နီကပြောသည်။
မန်ယူအသင်း အပေါ်ဝေ ဖန်မှုနေ ကြခြင်းကို ရွန်နီက ၎င်း၏ ဖေ့ဘွတ်ခ် မှတစ်ဆင့် ပြန်လည် တုန့်ပြန်ခဲ့ပြီး ကစားသမားများ၏ အရည် အသွေးနှင့် နည်းပြ ဗန်ဟားလ်၏ အသေးအဖွဲကအစ မယုံနိုင်လောက်အောင် အာရုံစူးစိုက်မှုတို့ပေါင်းစပ်ပြီး ပိုကောင်းသည့် နေ့ရက်များ ရောက်လာ မည်ဟု ပြောသည်။

“တနင်္ဂနွေနေ့က ရလဒ်ကြောင့် မန်ယူအသင်း အပေါ်အမြင်တွေကို လူအများ အပြားက ဝေ ဖန်ရေးသားနေကြ တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့နဲ့ အမြင်မတူပါ ဘူး။ ကျွန်တော်တို့ရဲ့ လူစာရင်းနဲ့ နည်းပြ ဗန်ဟားလ်ရဲ့ စွမ်းရည်တွေ ကိုကြည့်လိုက်တဲ့အခါ ကျွန်တော်တို့အသင်းအောင်မြင်မယ်ဆိုတာ သံသယမဖြစ်မိပါဘူး”ဟု ရွန်နီ က ဖေ့ဘွတ်ခ် တွင် ရေးသားထားသည်။ လက်စတာကွင်းတွင် မန်ယူအသင်း ၁-၃ ဂိုးဖြင့်နိုင်နေပြီးမှ ဂိုး များပြန်ပေးလိုက် ရစဉ်တွင် ရွန်နီသည် အသင်းဖော်များကို အော်ဟစ်ငေါက်ငမ်း ခဲ့သည်ကို ရုပ်သံများက အမိအရ ရိုက်ကူးပြသခဲ့သေးသော်လည်း ရွန်နီက အထက်ပါအ တိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ငါးပွဲကစား၊ ငါးမှတ်သာရထားပြီး အဆင့် ၁၂ နေရာတွင်ရပ်တည်နေသော မန်ယူ အသင်းသည် စနေနေ့တွင် ၀က်စ်ဟမ်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ အိမ်ကွင်းတွင် ကျူပီအာကို ၄-၀ ဂိုးဖြင့်နိုင်ထားခြင်းမှာ မန်ယူအတွက် တစ်ပွဲတည်း သော ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ပြီး ရွန်နီသည် ငါးပွဲကစား နှစ်ဂိုးသွင်းထားသည်။

mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...