Wednesday, September 24, 2014

ဆိုင်ကယ်အရစ်ကျဈေးကွက် ဖွံ့ဖြိုးလာမှုကြောင့် အင်္ဂပူ၌ ဆိုင်ကယ်စီးသူ ပိုမိုများလာ


ဧရာ ဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တွင် ဆိုင်ကယ်အရစ်ကျရောင်းချမှု များရှိလာသည့် အတွက် ဒေသတွင်း ၌ ဆိုင်ကယ်စီးသူပိုမိုများပြားလာသည်ဟု သိရသည်။
ယင်းသို့ ဆိုင်ကယ်အရစ်ကျ ရောင်းချခြင်းကို ၂ဝ၁၄ခုနှစ် ဇန်န ဝါရီလတွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး မိုးစပါးနှင့် နွေစပါးပေါ်ချိန် တို့တွင် အရောင်းအဝယ် ပိုမိုဖြစ် ကြောင်း သိရသည်။''ကျွန်တော်တို့ဆီမှာ အရင် တုန်းက ဆိုင်ကယ် စီးနိုင်တဲ့သူဆို တာ တော်တော်လေး အဆင်ပြေမှ စီးနိုင်ကြတာ။ အခုတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာဆိုရင် အိမ်တိုင်းလို လို စီးနိုင်နေကြပြီ။ အရစ်ကျစနစ် နဲ့ ဆိုင်ကယ်ရောင်းတာတွေရှိလာ လို့ပါ၊ အခုဆို အလုပ်အကိုင်သာမန် အနေအထားရှိတဲ့သူတွေလဲ စီးနိုင် နေပြီ''ဟု အင်္ဂပူမြို့နယ် မဲဇလီကုန်း မြို့ခံ ကိုကျော်သူဝင်းက ပြောသည်။
ဆိုင်ကယ်များအား အရစ်ကျ ဝယ်ယူမည်ဆိုပါက အိမ်ထောင်စု စာရင်းနှင့် ဝယ်ယူသူအား ထောက် ခံပေးမည့် သူတစ်ဦး လိုအပ်ကာ ဆိုင်ကယ်တန်ဖိုးတစ်ဝက်ကို လက် ငင်းပေးချေပြီး ကျန်ငွေအား ခြောက် လ (သို့) တစ်နှစ်အရစ်ကျပေးချေရ ကြောင်း သိရသည်။
''ဆိုင်ကယ်ဝယ်တဲ့သူတွေက တရုတ်ဘီးတွေဖြစ်တဲ့ Luojia နဲ့ Kenbo အမျိုးအစားတွေ အများ ဆုံး ဝယ်ကြတယ်။ စရောင်းကာစ ဆိုရင် တစ်လကို ငါးစီးလောက်ပဲ ရောင်းရပေမယ့် အခုဆို တစ်လ ၁၅ စီးလောက်တောင် ရောင်းရတယ်။စပါးပေါ်ချိန်လောက်ဆိုရင် ပိုပြီး ရောင်းရတယ်''ဟု မဲဇလီကုန်းမြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင် သူ ကိုကျော်စွာလင်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်မြို့နှင့် ပဲခူးမြို့မှတစ်ဆင့် ဆိုင် ကယ်များ ဝင်ရောက်ခြင်းဖြစ်ပြီး ယခင်က ပြည်မြို့ နှင့် ပဲခူးမြို့များသို့ ဆိုင်ကယ်များသွားရောက် ဝယ်ယူ ကြရပြီး ယခုနောက်ပိုင်းတွင် မူပြည် နှင့် ပဲခူးသို့ သွားရောက် ဝယ်ယူသူ နည်းပါးလာကာ အင်္ဂပူမြို့နယ်တွင် သာ အရစ်ကျဝယ်ယူမှုများ ရှိလာ ကြောင်း သိရသည်။
လက်ရှိ မဲဇလီကုန်းမြို့တွင် တရုတ်ဆိုင်ကယ် အသစ်တစ်စီးလျှင် ပျမ်းမျှကျပ် ငါးသိန်းခွဲဝန်းကျင်ရှိ ပြီး အဟောင်းဆိုပါက တစ်စီးလျှင် ကျပ်သုံးသိန်းမှ လေးသိန်းဝန်းကျင် ရှိကြောင်း သိရသည်။
BBT(MMK)
#Democracytoday

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...