Tuesday, September 23, 2014

နိုင်ငံသား ဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦး ကျမ်းသစ္စာ ကျိန်ဆိုပွဲ ရခိုင်ဒေသခံများ ကန့်ကွက်


မြေပုံမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီ လူမျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာ ကျိန်ဆို ပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဒေသခံများက အိမ်များ၊ ဈေးဆိုင်များ ပိတ်ကာ လမ်းများပေါ် သွားလာလှုပ်ရှားခြင်း မပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

‘‘အထောက်အထား ပြည့်စုံမှုမရှိတဲ့ ဘင်္ဂါလီ လူမျိုးတွေကို နိုင်ငံသားကတ် ထုတ်ပေးတာကြောင့် တစ်မြို့လုံးက ကန့်ကွက်တာ။ တံခါးပိတ်ဆန္ဒ ထုတ်ဖော် ကြတာ’’ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောသည်။

မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ရန် လျှောက်လွှာတင်သွင်းသူ ၁၀၉၄ ဦးရှိပြီး ၁၉၈၂ ဥပဒေ အရ စစ်ဆေးရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးရှိသည်။ ယင်းအထဲမှ အချို့မှာ မိဘ၊ အဘိုး၊ အဘွားမှတ်ပုံတင် မရှိ သူများ၊ တိုင်းရင်းသား ဘာသာစကား မပြောဆိုတတ်သူများဖြစ်ပြီး အထောက် အထား မပြည့်စုံသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းသံဃာများက ဆွမ်းခံ မကြွခြင်း၊ ဒေသခံများက စာတမ်း၊ ဆိုင်းဘုတ်များတွင် ‘‘အထောက် အထား ပြည့်စုံမှုမရှိသော ဘင်္ဂါလီ လူမျိုးများအား နိုင်ငံသားကတ် ထုတ်ပေးခြင်း ကို လုံးဝလုံးဝ ကန့်ကွက်ကြောင်း’’ရေးသားဖော်ပြခြင်း တို့ကို ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် မြေပုံမြို့သို့ သွားရောက်ခဲ့သော်လည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်ခဲ့ သော ဘင်္ဂါလီကျေးရွာသို့ မလိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ် အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်၌ ရှစ်နှစ်ဆက်တိုက် တစ်ဆက်တည်း နေထိုင်သူများ၏ တတိယ မျိုးဆက်ကို နိုင်ငံသားပြုခွင့် ရရှိမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဘင်္ဂါလီများကို စိစစ်ရာ မြို့နယ်အဆင့်မှစ၍ ဗဟိုအထိ အဆင့်ဆင့် စစ်ဆေးပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့ သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...