Monday, September 29, 2014

အိမ်ထောင်သည်အမျိုးသားက ဆွံ့အမိန်းကလေးကို အလိုမတူဘဲ သားမယားပြုကျင့်


ဆွံ့အနေသူ အမျိုးသမီးငယ်(အပျို) တစ်ဦး မကျီးတော ရိုးမအတွင်း ဆိတ်ကျောင်းနေစဉ် အိမ် ထောင်ရှိ အမျိုးသားတစ်ဦးက သားမယား ပြုကျင့်ခဲ့သဖြင့် တိုက်နယ်ဆေးရုံတွင် စစ် ဆေးခဲ့ရာမှ ကိုယ်ဝန် တစ်လရှိကြောင်း သိရှိရသဖြင့် အလိုမတူဘဲ သားမယားပြုကျင့် ခဲ့သူအား အရေးယူပေးပါရန် တိုင်တန်းသ ဖြင့် မြိုင်မြို့နယ် ဗဟင်းနယ်မြေ ရဲစခန်းမှ (ပ) ၄၄/၂ဝ၁၄ ပုဒ်မ ၃၇၆ အရ တရားခံ အမျိုးသားအား အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။မကွေးတိုင်းဒေသကြီး ပခုက္ကု ခရိုင် မြိုင်မြို့နယ် ဗဟင်းအုပ်စု ပေါက်ခေါင်း ကျေးရွာနေ ဒေါ်----- ၄ဝ နှစ်သည် သမီး ဖြစ်သူ အသက် ၁၉ နှစ်ရှိ(ဆွံ့အနေသူ/ အပျို) မိန်းကလေးမှာ သြဂုတ် ၁၂ ရက်၊ မွန်း တည့် ၁၂ နာရီက အော့အန်နေသဖြင့် မေး မြန်းခဲ့ရာ လွန်ခဲ့သော နှစ်လခန့်က မကျီး တောရိုးတွင် ဆိတ်ကျောင်းနေစဉ် တစ်ရွာ တည်းနေ နေဇော်ဦး အသက် ၁၉နှစ် (အိမ် ထောင်ရှိ)မှ တွန်းလှဲပြီး သားမယားအဖြစ် ပြုကျင့် ခဲ့ကြောင်း သိရှိရသည်။
ဆယ်အိမ်မှူး ဦးစိန်ချိုထံ တိုင် ကြားကာ ညှိနှိုင်းခဲ့ရာမှ အဆင်ပြေမှု မရှိ ခဲ့သဖြင့် စက်တင်ဘာ ၁ ရက်တွင် ရဲစခန်း သို့ သွားရောက်တိုင်တန်းခဲ့ရာ ဆေးစာဖြင့် ဗဟင်းတိုက်နယ်ဆေးရုံသို့ စေလွှတ်ခဲ့သ ဖြင့် စစ်ဆေးခဲ့ရာ ကိုယ်ဝန် တစ်လကျော် ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် ထားစေခဲ့ရာ မြို့နယ်တရားရုံးမှ အဆိုပါမိန်း ကလေးအား စစ်ဆေးခဲ့ရာ အလိုမတူဘဲ သားမယားပြုကျင့်ခံရသည့်အတွက် အမှု ဖွင့်ရန် ရဲစခန်းအား စေလွှတ်ခဲ့၍ နေဇော်ဦး အား အရေးယူပေးရန် စက်တင်ဘာ ၂၁ ရက်တွင် အဆိုပါမိန်းကလေး၏ အမေဖြစ် သူက တရားလိုပြု တိုင်တန်းခဲ့ရာ မြိုင်မြို့ နယ် ဗဟင်းနယ်မြေရဲစခန်းမှ(ပ) ၄၄/ ၂ဝ၁၄ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...