ရုပ်ရှင်သရုပ်ဆောင်လောကတွင် အက်ရှင်မင်းသား ကြီးတစ်ဦးအဖြစ် ကျော်ကြားလျက်ရှိသူ ဂျက်ကီချန်းက သရုပ်ဆောင်ပိုင်းတွင်သာမကဘဲဂီတပညာရပ်တွင်လည်း စိတ်ပါဝင်စားသည့်အတွက် လာမည့် ၂ဝ၁၅ တွင် ထွက်ရှိလာမည့် ၎င်း၏ Dragon Blade ဇာတ်ကားသစ်၏ ဇာတ်ဝင်သီချင်းကို ကိုယ်တိုင်သီဆိုသွားရန်စဉ်းစားထားကြောင်း သိရသည်။
မကြာမီက ရိုမေးနီးယား၌ကျင်းပခဲ့သည့် တရုတ်ရုပ်ရှင်ပွဲတော်တွင် အဆိုပါဇာတ်ကားသစ်၏ ဇာတ်ဝင်သီချင်းမှာ ရေးစပ်ပြီးဖြစ်ကြောင်း၊ အသံသွင်းရန်အသင့်အနေအထား၌ရှိနေကြောင်း၊ ''ဒီသီချင်းကို ဆိုသင့်၊ မဆိုသင့် စဉ်းစားနေဆဲပါ၊ ပရိသတ်ကြီးကို အံ့အားသင့်သွား စေချင်ပါတယ်'' ဟု ဂျက်ကီချန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၂ သန်းကျော်အကုန် အကျခံရိုက်ကူးထားသည့်DragonBlade သမိုင်း မှတ်တမ်းဇာတ်ကားကို လာမည့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် IMAX 3D ရုပ်ရှင်ရုံများ၌ စတင်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးစန္ဒာမောင်
0 comments:
Post a Comment