Friday, October 24, 2014

တကြော့ပြန် ငါးမန်းများ

မြန်မာ့တပ်မတော်(ရေ)တွင် “ငါးမန်း” ခေါ် (၂၇) ပေ အမြန်ရေယာဉ်ငယ်များသည် ၁၉၉၆ / ၁၉၉၇ ဝန်းကျင်က နဂါးမင်း ကြည်း/ရေ/လေ ပူးပေါင်းကမ်းတက်စစ်ဆင်ရေး လေ့ကျင့်ခန်းများတွင်သာမက တနသာင်္ရီ အောက်ဖက်တကြော ကျွန်းစုများကြားပင်လယ်ပြင်တွင် ကင်းလှည့်စောင့်ကြပ်ရေး၊ ရှင်းလင်းရေး၊ ပိတ်ဆို့ရေး၊ စိုးမိုးရေး လုပ်ငန်းများ၌ အတိုင်းအတာတစ်ခုအထိ အသုံးဝင်ခဲ့ကြပါသည်။


ယခုအခါ ဖော်ပြပါအမြန်ရေယာဉ်ငယ်များအနက်မှ (၄)စီးအား ဘက်စုံပြန်လည်မွမ်းမံပြင်ဆင်၍ ရခိုင်ပြည်နယ် အနောက်တံခါး ရေပြင်နယ်နမိတ်နှင့် နတ်မြစ်အတွင်း ကင်းလှည့်စိုးမိုးရေး နှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် အသွင်သစ် အမြင်သစ် စွမ်းရည်အသစ်တို့ဖြင့် ယခုအောက်တိုဘာလ (၁၄) ရက်နေ့က တပ်တော်ဝင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်(ရေ)၏ တကြော့ပြန် ငါးမန်းအမြန်ရေယာဉ်ငယ်များအား လိုအပ်နေသောအနောက်စည်ရိုး လုံခြုံရေးအတွက် ရှေ့တန်းကျကျ တွေ့မြင်ရတော့မည် ဖြစ်ပါသည်။

ထို့အတွက် တစ်ခါသောကာလက လှိုင်းခေါင်းဖြူများကြား ရခိုင်ပင်လယ် ဝက်သေအော်တွင် ငါးမန်းပေါ် ပွိုင့်ဖိုက်တင်၍ တရစပ်ပစ် စက်ကုန်ဖွင့်ခဲ့ကြသော ကိုမုတ်သုန်တို့ အပါင်းပါတစ်စု နှင့် ငါးမန်းနှင့်တကွ တာဝန်အမျိုးမျိုးထမ်းရွက်ခဲ့ကြသော ရေတပ်သားကြီးများသည်လည်း တစ်နေရာတစ်တောင့်မှ ဂုဏ်ယူနေပါလိမ့်မည်။

မောင်ဝါဆို@ Myanmar NAVY

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...