Friday, October 24, 2014

ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအသင်းအောင်မြင်မှုရရှိရန်အတွက် ကမ္ဘာ့ဖလားအတွေ့အကြုံရှိသည့်အဖွဲ့ချုပ်များနှင့် ဦးဇော်ဇော် တွေ့ဆုံ




ယူ- ၂ဝကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉အသင်းကို အတွေ့အကြုံ ကောင်းများ
ရရှိရန်အတွက် ဂျပန် ဘောလုံးအဖွဲ့ချုပ်သို့ ဖိတ်ကြားလာ သည့်အတွက် လူငယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပေး သွားမည်ဖြစ်ကြောင်း ဂျပန်ဘောလုံး အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ တာရှီမားကိုဇိုက ပြောသည်။

ထို့အပြင် မြန်မာယူ-၁၉အသင်း သည် ဒုတိယအကြိမ် ဂျာမနီနိုင်ငံသို့ ကာလရှည်သွားရောက် လေ့ကျင့်ရန်   ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေ ကြောင်း သတင်းများထွက်ပေါ်လာ ပြီး ပြိုင်ပွဲမတိုင်မီ အိမ်ရှင်နယူးဇီ လန်နိုင်ငံတွင်လည်း တစ်လခန့်သွား ရောက်နေထိုင်ဖွယ်ရှိနေသည်။

လက်ရှိတွင် မြန်မာယူ-၁၉ အသင်း၏ လေ့ ကျင့်မှုများကို ခေတ္တရပ်နားထားမည် ဖြစ်ပြီး လက်ရွေးစင် အသင်း၏ဆူဇူကီး ဖလားပြိုင်ပွဲ ပြီးဆုံးမည့်ဒီဇင်ဘာမှ သာပြန်လည်လေ့ကျင့်ရန် စတင်မည် ဖြစ်ပြီး ကစားသမားအသစ်ထပ်မံ ဖြည့်တင်းမည်ဖြစ်ကာ ယူ-၁၆အသင်း မှ ကစားသမားတချို့ကို မျက်စိ ကျနေ ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော် ဇော်က ''အဓိကအနေနဲ့ပြောရရင် ပြီး ခဲ့တဲ့နှစ်ရက်လောက်ကမှ ကမ္ဘာ့ဖ လားဝင်ပြိုင်ခွင့်ရရှိခဲ့တဲ့အတွက် အ သေးစိတ်စီမံချက်တွေ မရေးဆွဲရသေး ပါဘူး။ ကမ္ဘာ့ဖလားဝင်ပြိုင်ဖူးတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌတွေနဲ့ ဆွေးနွေးမယ်။ ဂျပန်၊ ဂျာမနီတို့ဆိုတာ ကမ္ဘာ့ဖလား ဝင်ကစားဖူးတဲ့အသင်းတွေဖြစ်တာ ကြောင့် သူတို့ပြင်ဆင်တဲ့အတိုင်း အနီး စပ်ဆုံးပြင်ဆင်မှုတွေ   ပြုလုပ်သွား မှာပါ''ဟု ဆိုသည်။

ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာယူ-၁၉အသင်းသည် ကျင်းပပြီးခဲ့သည့် အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင် ပွဲတွင် အာရှအဆင့်ကစားသမား ၁၆ဦးကို အမာခံထားကာပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ကစား သမားအင်အား နည်းပါးခဲ့သော် လည်း ပူးတွဲတတိယ    ရရှိခဲ့သည့် အသင်းဖြစ်ပြီး မြန်မာယူ-၁၉ အသင်း သည် ယင်းပြိုင်ပွဲအတွက် ပြင်ဆင် ချိန် ခုနစ်လနီးပါး အတွင်း   ပြည်ပလေ့ ကျင့်ရေးခရီးစဉ်များ၊ နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သိရသည်။

NTL
ရန်ကုန်၊ အောက်တိုဘာ ၂၃
‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...