အာရှယူ-၁၉ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့သည့် မြောက်ကိုရီး ယားအသင်းကို မြောက်ကိုရီးယား အစိုးရက ဖိအားပေးထားခြင်းမရှိ ကြောင်း အသင်းနည်းပြချုပ် An Yegun ကပြောသည်။
မြောက်ကိုရီးယားယူ-၁၉ အသင်းသည် ကွာတားဖိုင်နယ် အဆင့်တွင် အာရှအင်အားကြီး ဂျပန်အသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာ၍ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့ပြီး အာရှချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း မှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း ၎င်းကပြော သည်။
‘‘ဒီပြိုင်ပွဲမှာ ဘယ်အဆင့်ထိ ရောက်ရမယ်လို့ အစိုးရအဖွဲ့က ဖိအားပေးတာမရှိပါဘူး။ ဒီအဆင့်ထိရောက်လာတာကိုပဲ ကျေနပ်နေပါပြီ။ ဘာဖိအားမှမရှိပါဘူး’’ဟု An Yegun ကပြောသည်။
အောက်တိုဘာ ၂၀ ရက်တွင် အာရှယူ-၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပထမပွဲအဖြစ် မြောက်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယားအသင်းမှာ နေပြည်တော်၌ ပွဲစဉ်တစ်လျှောက်ကစားခဲ့ရပြီးဆီမီးဖိုင်နယ်အဆင့်ကို ရန်ကုန်တွင် ကစားရမည်ဖြစ်အခက်အခဲအချို့ရှိ နိုင်သော်လည်း အခြားပြိုင်ပွဲများ အတွေ့အကြုံအရ အကောင်းဆုံးယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘မြောက်ကိုရီးယားအသင်း က အသင်းလိုက်စုဖွဲ့ကစားတတ် တဲ့အသင်းဖြစ်တဲ့အတွက် တစ်ဦး ချင်းကိုကပ်ကစားလို့မရပါဘူး။ သူတို့အသင်းက စိတ်ဓာတ်လည်း ကောင်းတယ်။ နောက်ဆုံးမိနစ် အထိ တိုက်ပွဲဝင်ကြတယ်။ ခက်ခဲ မယ့်ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ တူညီတဲ့ရည်မှန်းချက်ရှိတဲ့အတွက် အနိုင်ရရှိအောင်ကြိုးစားသွားမှာ ပါ’’ဟု ဥဇဘက်ကစ္စတန်အသင်း နည်းပြချုပ် Ravshan ကပြော သည်။
ဆီမီးဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့သည့်အသင်းများသည် အသင်းကောင်းများဖြစ်ကြပြီး ခက် ခဲစွာယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားအသင်းနှင့် ပွဲမှာလွယ်ကူမည်မဟုတ်ကြောင်း၊ သို့သော်လည်း လိုအပ်သည့်အနိုင် ရလဒ်ကိုရရှိအောင် ကြိုးစားသွား မည်ဖြစ်ကြောင်း၊ အသင်း၏အဓိက နောက်ခံလူ Azimov မှာ ပွဲပယ်ပစ် ဒဏ်ကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ ကစားသမားအချို့မှာလည်း ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရ ကြောင်း ၎င်းကပြောသည်။
October 20, 2014
7Day
0 comments:
Post a Comment