
Principal electricity generation by fuel type (Gigawatt hours)- Australia, 2001- 2012
စက်မှုနိုင်ငံများနဲ့ ကျောက်မီးသွေး
သြစတျေးလျနိုင်ငံ
ၾသစေတ်းလ် နိုင်ငံဆိုတာ ကျောက်မီးသွေး အလွန်အင်မတန် ထွက်တဲ့ နိုင်ငံပါ။ သူ့နိုင်ငံသုံးဖို့ထက် ပိုလျှံနေလွန်းလို့ တရုတ်ကို ကျောက်မီးသွေးတွေ ရောင်းစားနေတဲ့နိုင်ငံဆိုလဲ မမှားပါဘူး။ အဲဒါနဲ့ အပြိုင် သြစတျေးလျနိုင်ငံက သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ လဲ နိုင်ငံအနေနဲ့ တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ၾသစေတ်းလ် နိုင်ငံ တည့်တည့်မှာ ရှိတဲ့ အိုဇုံးအလွှာကြီးက အကြီးကြီး ပေါက်နေတာမိုလို့လဲ ဖြစ်ပါတယ်။ ဗဟုသုတအနေနဲ့ ပြောရရင် ၾသစေတ်းလ် နိုင်ငံရဲ့ နေလည် နေအပူအချိန်အောက်ကို တတ်နိုင်သမျှ ဒီအတိုင်းမထွက်စေလိုပါဘူး။ နေရဲ့ အပူချိန်ကို တိုက်ရိုက်ထိလွန်းလို့ အရေပြားကင်ဆာဖြစ်နိုင်တာမိုလို့ Sunscreen လိမ်းပြီးမှထွက်ဖို့ အကြံပေးထားကြပါတယ်။
ကဲ ထားပါတော့ ၾသစေတ်းလ် (ေအာ္စီ)ရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၇၅% ကို ကျောက်မီးသွေးက ထုတ်လုပ်ပါတယ်။ တနိုင်ငံလုံးအနေနဲ့ လျှပ်စစ် ပမာဏ ၂၃၀ တယ်ရာ (230,000 GWh) -2008 ခုနှစ် အသုံးပြုရာမှာ ကျောက်မီးသွေးတာဘိုင်က ထုတ်လုပ်တာတင် ၁၈၀ တယ်ရာဝပ်ဆိုတော့ စဉ်းစားတာ ကြည့်ပေတော့ တနိုင်ငံလုံး ကျောက်မီးသွေး တာဘိုင်တွေ ပါပဲ။ အော်စီ အစိုးရက Solar နဲ့ လျှပ်စစ် ထုတ်လုပ်တာကို အားပေးပါတယ်။ တချို့ အိမ်တွေဆိုရင် ၁.၅ ကီလိုဝပ်လောက်ထွက်တဲ့ ဆိုလာပြားတွေ အိမ်ခေါင်မိုးပေါ်မှာ ထားပြီး လျှပ်စစ်ကို ထုတ်တာ တွေ့ရမှာပါ။ ဒါပေမဲ့ အဲဒါတွေက အိမ်တလုံး အသုံးပြုဖို့ မလောက်ပါဘူး။ အားဖြည့်ရုံသက်သက်ပါပဲ။ အောက်က ဂရပ်မှာ အော်စီရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို တွေ့ရမှာပါ။
အော်စီရဲ့ တခြား လျှပ်စစ်ထုတ်လုပ်မှု နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒီလင့်တွေမှာ ဖတ်မှတ်ရှုရင်း မှီးငြမ်းပါတယ်။
http://www.esaa.com.au/policy/data_and_statistics-_energy_in_australia
http://en.wikipedia.org/wiki/Energy_policy_of_Australia#Hydro_electric_power
http://www.bree.gov.au/publications/australian-energy-statistics
ဒီနေရာမှာ တယ်ရာဝပ်ဆိုပြီးပြောနေတာကို လက်ရှိမြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ လျှပ်စစ်ပမာဏ နဲ့ နှိုင်းယှဉ်ပြပါမယ်။ လတ်တလော ပြီးဆုံးသွားတဲ့ ပေါင်းလောင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးက 300 မီဂါဝပ်ပဲ ရှိပါတယ်။ အကယ်လို့ ၃၀၀ မီဂါဝပ် ရှိတဲ့ ကျောက်မီးသွေး တာဘိုင် တစ်ခု တည်ဆောက်တယ်ဆိုရင် တယ်ရာဝပ် ဖြစ်ဖို့ ကျောက်မီးသွေး တာဘိုင် အခု ၃၅၀၀ နဲ့ ညီမျှပါတယ်။ ဥပမာ အော်စီက ၂၃၀ တယ်ရာဝပ်ဆိုရင် ၃၅၀၀ နဲ့ ၂၃၀ ကိုသာ မြှောက်ကြည့်လိုက်ပါ။ ၈၀၀ ၀၀၀ (ရှစ်သိန်း ကျော်ပါတယ်)
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံဟာ ကမ္ဘာလျှပ်စစ်ထုတ်လုပ်မှုပမာဏရဲ့ တတိယမြောက် အများဆုံးသုံးစွဲတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် စာရင်းများအရ ကျောက်မီးသွေးက ထုတ်လုပ်တဲ့ လျှပ်စစ်ပမာဏက ၂၇% ရာခိုင်နှုန်း ၂၇၉ တယ်ရာဝပ် ကို သုံးစွဲပါတယ်။ ဂျပန်က ကျွန်းနိုင်ငံလဲ ဖြစ်တာကြောင့် ကျောက်မီးသွေးကို တခြားနိုင်ငံတွေကပဲ တင်ပို့ရတာပါ။ ကျောက်မီးသွေးတင်မကပါဘူး။ သဘာဝဓါတ်ငွေ ယူရေနီယံ ရှိသမျှ အကုန်တင်သွင်းရပါတယ်။ ကျောက်မီးသွေးကနေ လျှ့်စစ်ထုတ်လုပ်မှုကို ၁၉၈၀ ခုနှစ်များကနေ စတင်ပြီး ဆက်တိုက်ဆိုသလို တိုးလာခဲ့တာပါပဲ။ ဂျပန်က တိုးတက်တဲ့ နိုင်ငံဖြစ်တာကြောင့် ကျောက်မီးသွေးက လျှပ်စစ်ထုတ်လုပ်မှု အပြင် နှုကလိယားကပါ လျှပ်စစ်ထုတ်လုပ်မှုကို လဲ တပြိုင်နက်ဆိုသလိုပဲ တိုးပြီး ထုတ်လုပ်လာခဲ့ပါတယ်။
ရေရှည်ကြည့်မယ်ဆိုရင် ကျောက်မီးသွေး တာဘိုင်တို့ သဘာဝဓါတ်ငွေ တာဘိုင်တို့ထက် နှုကလိယား ဓါတ်ပေါင်းဖိုတွေက သဘာဝ ပတ်ဝန်းကျင်ကို ပိုပြီးကောင်းစေနိုင်လို့ ဂျပန်တို့လို နိုင်ငံတွေ အနေနဲ့ နှုကလိယားဓါတ်ပေါင်းဖိုကို အားစိုက်လုပ်လာကြပါတယ်။ ဒါပေမဲ့လဲ တိုးတက်လာတဲ့ လူဦးရေ နဲ့ နည်းပညာတွေကြောင့် တနေ့ထက် တနေ့ လျှပ်စစ်ကို ပိုမိုလိုအပ်လာတာမိုလို့ ကျောက်မီးသွေး တာဘိုင်တွေကိုလဲ လက်လွတ်လို့ မရသေးပါဘူး။
အောက်က ဂရပ်ကို ကြည့်မယ်ဆိုရင် မရမ်းရောင် ခြယ်ထားတဲ့ ဧရိယာက ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်လုပ်တာပါ။

Electricity Generation by fuel type (Japan)
ဂျပန်ရဲ့ တခြား လျှပ်စစ်ထုတ်လုပ်မှု နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒီလင့်တွေမှာ ဖတ်မှတ်ရှုရင်း မှီးငြမ်းပါတယ်။
http://www.geni.org/globalenergy/library/energy-issues/japan/index.shtml
http://en.wikipedia.org/wiki/Electricity_sector_in_Japan
http://en.wikipedia.org/wiki/Energy_in_Japan
http://www.eia.gov/countries/cab.cfm?fips=ja
ဂျာမီဏီ နိုင်ငံ
ဂျာမီဏီဆိုတာ ဥရောပမှာ စက်မှု အထွန်းကားဆုံးနိုင်ငံဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံက ကျောက်မီးသွေး သုံးစွဲမှုက ဂျပန်လောက် မများပေမဲ့ အော်စီထက်တော့ ပိုများပါတယ်။ ပိုပြီး ထူးခြားတာက ဂျာမဏီက ကျောက်မီးသွေး တာဘိုင်၊ နှုကလိယားတာဘိုင် တွေသာမက Renewable Energy ကို တော်တော်များများ သုံးပါတယ်။ လေရဟတ်က လျှ့်စစ်ထုတ်တာ ဘိုင်အို မတ်စ်က နေ ထုတ်တာ တို့ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒေတာအရ ကျောက်မီးသွေးတာဘိုင် ပမာဏက ဂျာမဏီလျှ့်စစ်ထုတ်လုပ်မှုရဲ့ ၄၅% ကို အသုံးပြုထားတာ တွေ့ရပါတယ်။
ဂျာမဏီနိုင်ငံရဲ့ ဒေတာတွေကို အောက်ကလင့်မှာ လေ့လာနိုင်ပါတယ်။
https://www.destatis.de/EN/FactsFigures/EconomicSectors/Energy/Production/Tables/GrossElectricityProduction.html
http://en.wikipedia.org/wiki/Energy_in_Germany

Germany Power Generation 2011
တရုတ်နိုင်ငံ
နောက်ဆုံးအနေနဲ့ ကမ္ဘာပေါ်မှာ နံပါတ် 2 လျှပ်စစ် ထုတ်လုပ်တဲ့နိုင်ငံလဲ ဖြစ်တယ်။ လျှပ်စစ်ကိုလဲ ဒုတိယ အများဆုံးသုံးတဲ့ နိုင်ငံလဲ ဖြစ်တယ်။ ဆက်ပြီးတော့လဲ ပိုမိုပြီးသုံးဖို့ ရည်ရွယ်ချက် ရှိတဲ့ နိုင်ငံက အားလုံးလဲ သိထားတဲ့ Black hole လို့ နာမည်ပြောင် ခေါ်နိုင်တဲ့ တရုတ်နိုင်ငံပါပဲ၊ ဘာလို့ Black Hole လို့ ခေါ်ရတာလဲဆိုရင် သူ့နိုင်ငံအတွက်ဆိုရင် ကမ္ဘာရဲ့ စွမ်းအင်တွေ အများဆုံးသုံးသလို ကမ္ဘာမှာ ရှိသမျှ Manufacturing Factory တွေ ရောက်သွားရင် ကျန်တဲ့ နေရာက စက်ရံတွေ ပိတ်ပြီး တရုတ်မှာပဲ အကုန်ထုတ်တော့လို့ပါ။ အကုန်လုံးကို စုတ်ယူထားတဲ့ နိုင်ငံလဲ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကျောက်မီးသွေး သုံးစွဲမှုဟာ သူနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်တဲ့ ပမာဏရဲ့ ၈၀% ရှိပါတယ်။ ကျောက်မီးသွေးက ထုတ်လုပ်တဲ့ လျှပ်စစ်ပမာဏက ၂၇၃၃ တယ်ရာဝပ် (၃၀၀ မီဂါဝပ် ထုတ်လုပ်နိုင်တဲ့ ပေါင်းလောင်း လျှပ်စစ်ထုတ်လုပ်ရေးတဲ့ အဆပေါင်း ၉ သန်းကျော်) ကို ထုတ်လုပ်ပါတယ်။ ကမ္ဘာပေါ်မှာ ကျောက်မီးသွေး တာဘိုင် အများဆုံးရှိတာပါ။ တရုတ်က နှုကလိယ ဓါတ်ပေါင်းဖို နဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ စွမ်းရည် ရှိပေမဲ့ ထုတ်လုပ်တာ အလွန်နည်းပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အစည်းအဝေး လုပ်တာမှာ တရုတ်ကို ကျောက်မီးသွေး သုံးစွဲမှု လျှော့ခိုင်းတာ ပြေလည်မှု မရတဲ့ အတွက် ကမ္ဘာ့နိုင်ငံတွေ အကြီးအကျယ် ပြသာနာ တက်ခဲ့ ရပါသေးတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ကနေ ယနေ့ အချိန်အထိ တရုတ်ရဲ့ ကျောက်မီးသွေး တာဘိုင်ဆောက်လုပ်မှု မရပ်သေးတဲ့ အပြင် တိုးလာပါသေးတယ်။
တရုတ်ရဲ့ လျှ့်စစ်ထုတ်လုပ်မှု ဒေတာတွေကို အောက်က လင့်မှာတွေ့နိုင်ပါတယ်။ စိတ်ဝင်းစားစရာ ကောင်းတာက ပေးထားတဲ့ လင့်မှာ အဲဒီ ထုတ်လုပ်မှု အပြင် လျှပ်စစ်ထုတ်လုပ်မှုအတွက် ဘယ်လို ရောင်ဈေးတွေနဲ့ ရောင်းသလဲ ဆိုတာတွေပါ ဆက်လက် လေ့လာနိုင်ပါတယ်။

China Electricity Generation by Fuel
http://china.lbl.gov/sites/all/files/key-china-energy-statistics-2012-june-2012.pdf
http://www.eia.gov/countries/cab.cfm?fips=ch
http://en.wikipedia.org/wiki/Electricity_sector_in_China
ကမ္ဘာ့ လျှပ်စစ်ထုတ်လုပ်ရေးကို ဒီလောက်နဲ့ ပဲ ရပ်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ နံပတ် ၁ လျှပ်စစ်ထုတ်လုပ်တဲ့ အမေရိက နိုင်ငံ အကြောင်းတော့ ဆက်မရေးတော့ပါဘူး. လေ့လာချင်ရင် အင်တာနက်မှာလွယ်လွယ်ကူကူ ရှာတွေ့လို့ရပါတယ်။
နောက် တခုမှာတော့ ဘာလို့ မြန်မာနိုင်ငံအနေနဲ့ ကျောက်မီးသွေး လျှပ်စစ်ထုတ်လုပ်ရေး လိုသလဲ ဆိုတာ ပြောပြပါမယ်။
မောင်ခြိမ့်
0 comments:
Post a Comment