Thursday, October 16, 2014

လိပ်ကျွန်းကိစ္စ ဥရောပမှာ ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြခံရ


အီတလီကို ရောက်လာတဲ့ ထိုင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ၊ ဓာတ်ပုံ- Government House
အိမ့်သံစဉ်  

ဒီကနေ့ စောစောပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တအီတလီနိုင်ငံကို ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာကို ဥရောပမှာတော့ လိပ်ကျွန်း လူသတ်မှု၊ အာဏာသိမ်းမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။ဗြိတိန်နိုင်ငံ လန်ဒန်မှာတော့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြတာ ထိုင်း ဝန်ကြီးချုပ် ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီနိုင်ငံ မီလန်မြို့မှာတော့ စစ်အာဏာသိမ်းမှုကို ပြည့်ပရောက် ထိုင်းပညာရှင်တွေ၊ တက်ကြွ လှုပ် ရှားသူတွေနဲ့ စိတ်ဝင်စားသူတွေက ကန့်ကွက်ဆန္ဒပြကြတယ်လို့ ဒီကနေ့ ထုတ် ဘန်ကောက်ပို့စ်က ရေးပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့က ဗြိတိန်သံအမတ်၊ မြန်မာသံအမတ်၊ ထိုင်း နိုင်ငံခြားရေးဌာနနဲ့ ထိုင်းဘုရင့် ရဲ တပ်ဖွဲ့ တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့က လိပ်ကျွန်း လူသတ်မှု တရားခွင်ကိုသာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမယ်လို့ မူအရ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်အစိုးရက ကမ်းလှမ်းတဲ့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စမှာ ဗြိတိန်ရဲတပ်ဖွဲ့က ကူညီဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို နိုင်ငံခြားသားတွေဖြစ်လို့ လက်မခံ ပယ်ချခဲ့ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...