ပဲခူး အောက်တိုဘာ ၁၅
ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်း အပိုင်တွင် အောက်တိုဘာ ၁၁ ရက်က မင်္ဂလာဆောင်အား လာရောက်သည့် ဧည့်သည်များ၏ ပစ္စည်းများကို ခေါင်းရင်းတွင်ထားပြီးအိပ်ခဲ့ရာ အိပ်ရာမှ နိုးသောအခါ ၄င်းတို့ပစ္စည်းများဖြစ် သော လက်တော့ပ် တစ်လုံးနှင့် ဖုန်းများ ကာလတန်ဖိုးငွေကျပ် ၁၇၉ဝဝဝဝ ပျောက်ဆုံး သွားသဖြင့် အမှတ်(၃) ရဲစခန်းသို့ လာရောက်တိုင်ကြားရာ စခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ငွေနေဦး၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်လင်း အောင်နှင့် အဖွဲ့တို့ က ဒေသခံ များနှင့် ပူးပေါင်းပြီး တရားခံများအား စုံစမ်း ဖော်ထုတ်ခဲ့ရာ ယခင်ခိုးမှုများ မကြာ ခဏ ကျူးလွန်လေ့ရှိသူ သူရထွန်း (ခ) သူရ (၁၆)နှစ် အမှတ်(၆)ရပ်ကွက် ဥဿာ မြို့သစ် ပဲခူးမြို့နေသူနှင့် ကွင်း ဆက်တရားခံ ထက်လင်းအောင် တို့အား ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ရာ ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက် သေခံ ပစ္စည်းများကို သိမ်းဆည်းခဲ့ သည်။
ခိုးမှုတရားခံအား ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိပြီး တရားခံ သူရထွန်း(ခ) သူရနှင့် ကွင်းဆက် တရားခံ ထက်လင်းအောင်တို့အား ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
0 comments:
Post a Comment