လေ့ကျင့်ခန်း ကြိုးစားပမ်းစား လုပ်ဆောင်မှုက ကျန်းမာပျော်ရွင်တဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်မယ်လို့ ယူဆ စရာဖြစ်ပေမယ့်လည်း လူတချို့မှာ လေ့ကျင့်ခန်းလုပ်အပြီးမှာ အရက်၊ ဘီယာပိုသောက်သုံးဖြစ်ကြ တယ်လို့ လေ့လာမှုတစ်ရပ်အရပ်အရ သိရ တယ်။ လူအများစုမှာ ပြင်းပြင်းထန် ထန်လေ့ကျင့်ခန်း ပြုလုပ် ပြီးလေလေ ပိုသောက်မိလေ ဖြစ်နေကြောင်း သိရတယ်။အရက်သောက်ဖြစ်ခြင်းမှာ လေ့ကျင့်ခန်းပြုလုပ်ခဲ့တဲ့အတွက် ကိုယ့် ကိုကိုယ်ဆုချတဲ့သဘောနဲ့ သောက် သုံးခြင်းလည်းဖြစ်ပြီး၊ ဘောလုံးကန် အပြီး၊ ရက်ဘီဘောလုံးကစားအပြီး မှာလည်း အဲဒီလိုသောက်သုံးလေ့ ရှိကြကြောင်း သိရတယ်။ လူအများ စုဟာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်း ထန်ထန်ပြုလုပ်ပြီး အဆုံးသတ်မှာ စိတ်ခွန်အားကုန်ခမ်းခြင်း အကျိုး ဆက်အဖြစ် အရက်သောက်သုံး လိုစိတ်ကို တွန်းလှန်နိုင်တဲ့စိတ် မရှိ ခြင်းလည်း ဖြစ်နိုင်ကြောင်းသိရ တယ်။
လေ့လာမှု သုတေသနမှာ အသက် ၁၈ မှ ၈၉ နှစ်ကြား လူ ပေါင်း ၁၅၀ ပါဝင်ပြီး၊ ရက်ပေါင်း ၂၁ ရက် ဆက်တိုက် အရက်သောက် သုံးမှုကို စမတ်ဖုန်းသုံးပြီး မှတ်တမ်း တင်စေတယ်။ အဲဒီရလဒ်တွေကို ဆန်းစစ်ပြီး လေ့ကျင့်ခန်းပြုလုပ်ပြီးပါက အရက်ပိုသောက်ဖြစ်ကြကြောင်း ကောက်ချက်ဆွဲနိုင်ခဲ့ခြင်း ဖြစ် သည်။ လေ့လာမှုကို ရှီကာဂိုမြို့ရှိ ဖိန်းဘတ် ဆေးပညာတက္ကသိုလ်မှ ပါမောက္ခ ကွန်းရေးနဲ့ အဖွဲ့က ပြုလုပ် ခဲ့တာဖြစ်တယ်။ ပါမောက္ခ ကွန်းရေးက လေ့ ကျင့်ခန်းလုပ်ဖြစ်လေ ပိုသောက်ဖြစ် လေ ဖြစ်နေ ရခြင်းကို ပိုပြီးလေ့လာမှု ပြုလုပ်နိုင်ဖို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့တယ်။
အဆိုပါ ချိတ်ဆက်မှုကို သိရှိမှ သာ သိပ္ပံပညာရှင်တွေအနေနဲ့ လေ့ ကျင့်ခန်းပြုလုပ်မှုကို အားပေးနိုင်ပြီး၊ အရက်မသောက်ဖို့ တားမြစ်နိုင်မယ့် အကြံပြုချက်တွေ ထုတ်ပြန်နိုင်မှာ ဖြစ်ကြောင်း သိရှိရတယ်။
လေ့လာမှု စစ်တမ်းရလဒ်တွေ ကို စိတ်ကျန်းမာရေးဂျာနယ် Health Psychology မှာ ထည့်သွင်းဖော်ပြ ထားတာဖြစ်တယ်။
Ref; Daily Mail
ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal
0 comments:
Post a Comment