အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးသည် အီရတ်နိုင်ငံ ရှီးယိုက် ဘာသာရေးအဆောက်အအုံ၌ ဗုံး ဖောက်ခွဲခဲ့ရာ အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့သည်။
ဘဂ္ဂဒက်အနောက်ဘက် ကြွယ်ဝ ချမ်းသာသော ဟာသီယာဒေသရှိ အသုဘ အခမ်းအနားတစ်ခုတွင် အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ်က လည်း အလားတူ တိုက်ခိုက်မှုများ ကြောင့် လူဒါဇင်ပေါင်းများစွာသေဆုံး ခဲ့ရသည်။ ဤကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး အိုင် အက်စ်စစ်သွေးကြွများကို ပြစ်တင် ဝေဖန်လျက်ရှိကြသည်။
ဆီးရီးယားနှင့် အီရတ်တို့ကို ထိန်းချုပ်ထားသော အိုင်အက်စ် စစ်သွေးကြွများသည် ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့အား ဝိုင်းရံထား သော ကာ့ဒ်တိုက်ခိုက်ရေးသမား များကို ရက်သတ္တပတ်လုံး တိုက်ခိုက် နေ သည်။
ယခု ရက်သတ္တပတ်အစောပိုင်း က ကိုဘာနီမြို့ရှိ ကာ့ဒ်တိုက်ခိုက်ရေး သမားများက ၎င်းတို့သည် အစ္စလာမ် စစ်သွေးကြွများကို ပြန်လည် တိုက်ခဲ့ ကြောင်း ပြောခဲ့သည်။
သို့သော်လည်း အိုင်အက်စ် စစ်သွေးကြွများသည် ရက်သတ္တပတ် ကျော်ကြာ အဆိုပါမြို့ကို ပြန်လည် သိမ်းပိုက်ရန် သိသိသာသာပင် အင်အားဖြည့်တင်း လျက်ရှိသည်။
ကာ့ဒ်တပ်မှူးများက ၎င်းတို့သည် အစ္စလာမ်စစ်သွေးကြွများကို ပြန် လည် တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုဖြင့် အကူအညီပေးခဲ့သော အမေရိကန် ကိုလည်း ကျေးဇူးတင်ကြောင်း ပြော ခဲ့သည်။
(ဘီဘီစီ)
0 comments:
Post a Comment