Tuesday, October 21, 2014

ကလေးဆိုးလေး မင်းကိုနိုင် သိစေချင်



 ဖြူ စင်တဲ့ ကလေးငယ်ငယ်လေးတွေကို လူတိုင်းက ချစ်ချင်ကြ ၊ ပွေ့ ချင်ကြ ၊နမ်းချင်ကြတယ်။
စကားစပြောချင်တဲ့ ကလေးလေတွေ တွေ့ ရင် စကားတတ်အောင်သင်ပေးကြတယ် ။ ဟိုဟာ သားသား   ဖေဖေ  ခေါ်ကြည့်စမ်း ဖေဖေ ဆိုရင်  ကလေး က လိုက်ပြောတယ်  " ပေပေ " ၊
ဟိုမှာ သားသား မေမေ ခေါ်ပါဦး မေမေ ဆိုရင်  " မွေမွေ "  စိတ်ဆိုးဖို့ ထက် မပီကလာ ပီကလာနဲ ချစ်စဖွယ်ဟန်ပန်လေးတွေကိုဘဲ  ချစ်စနိုးပိုမိကြတယ် ။

 ဒီအကြောင်းအရာလေးကို စဉ်စားရင်း  မင်းကိုနိုင်  ရဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့  စာနယ်ဇင်းအဖွဲ့ တွေ တွေ့ ဆုံတာ ကို ဝေဖန်ထားတာလေးကိုသွားဆက်စပ်မိတယ် ။ သတင်းမီဒီယာ
များကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပေါ် အလေးအနက်ထား   သဘောပွင့်လင်းမြင်သာမူကို  တပ်မတော်က လစ်ဟပြလိုက်တဲ့ လက္ခဏာ ဆိုတာ အားလုံး သိရှိပြီးသားဘဲလေ ။ ဒါကို  ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဝေဖန်ထောက်ပြတာဟာ အဖေက ရှေ့ ကတိုင်ပေးတာကို လိုက်ဆိုနေတဲ့ ကလေး လိုဘဲ "  ပေပေ ပေပေ ပေပေ  " လို့  လိုက်ပြောနေပါလားလို့ ပေါ့  မင်းကိုနိုင်ကို ဒီလိုလေး သွားမြင်မိတယ် ။

ညီလေးမင်းကိုနိုင်   သိအောင် ပြောပြချင်တာက နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးအတွက် တစ်နိုင်ငံလုံးမှာ  ဖြန့် ထားရတဲ့ တပ်ရင်း တပ်ဖွဲ့ ပေါင်းများ စွာရှိတယ် ။ နိုင်ငံရဲ့ အချုပ်အခြာ
 အာဏာကို တည်တံခိုင်မြဲအောင် ထိန်သိမ်းနိုင်ဖို့  တာဝန်ရှိနေသလို   ပြည်တွင်း ငြိမ်းချမ်းရေး 
ကိုလည်း   ဖော်ဆောင်နိုင်ဖို့ ကိုလည်း ဆောင်ရွက်ရတယ် ။ ဒါတင်ဘဲလားလို့  မေးလာရင်ကမ္ဘာမှာ ဖွဲ့ စည်းထားကြတဲ့ တပ်အမျိုးစားတွေထဲမှာ တပ်မတော်ဟာ မျိုးချစ်တပ်မတော် ထဲ ပါဝင်တာမို့ 
တိုင်းပြည်ရဲ့ သဘာဝဘေးအန္တရယ်တွေ ကျလာတိုင်းလည်း ကူညီဖို့ လည်း အစဉ်သင့် ရှိနေရတယ်လို့ ပြောပြချင်တယ် ။

ညီလေး မင်းလုပ်နေတဲ့ နိုင်ငံရေးဆိုတာ တိုင်းပြည်အတွက် ကောင်းစေချင်တဲ့ စိတ်ကိုအခြေခံပြီး လုပ်ရတာမလား ။  အကောင်းမြင်တတ်တဲ့ စိတ်လေး နဲ့ ကာကွယ်ရေး ဆိုတဲ့ စကားလုံး ၃ လုံးထဲကို ညီလေး ဝင်ကြည့်ဖြစ်ရင်  တိုင်းပြည်အတွက် ကျွန်တော်တို့ တာဝန်ကျေပါတယ်နော် ဆိုပြီး အသက်ဝိညဉ်၊ ခန္ဓာများစွာက ဆီးကြို နှုတ်ဆက်လိမ့်မယ် ။ မကြည့်ရက်လို့ ဆိုပြီး  ဒီဘက်ကို ခေါင်းလှည့်ကြည့်ရင် ကျွန်မတို့  အဆင်ပြေပါတယ် မောင်ဆိုပြီး မျက်ရည်စက်တွေကို ဖယ်ပြီးပြုံးပြနှုတ်ဆက်နေတဲ့ မိသားစုတွေကို
တွေ့ ရလိမ့်မယ် ။  ကျွန်တော်တာဝန်ကျေပါတယ် ကျွန်မတို့ အဆင်ပြေပါတယ် ဆိုပြီး အံကြိတ်ပြောလာတဲ့
ရင်ထဲက ဝေဒနာစကားလေးကို နာထောင်ရတဲ့ တပ်စုမူး ၊ တပ်ခွဲမူး ၊ တပ်ရင်းမူ တစ်ယောက် ညီလေး ဖြစ်ခဲ့ဖူးရင်  တိုင်းပြည်အပေါ် ထားတဲ့ စေတနာ ညီလေတို့ ထက်မနိမ့်ဖူး ဆိုတာ ညီလေးသိလာလိမ့်မယ်။

ညီလေး နိုင်ငံရေးဘဲ စိတ်ဝင်စားလို့  တိုက်ပွဲတွေအကြောင်းမလေ့လာမိရင်နေ မအအောင် သမိုင်းကို
ပြန်စောင်းကြည့်ရင် ၂၀၁၄ ဒီအခြေအနေထိ ဆွဲတင်ရတာမလွယ်ပါလားဆိုတာသိလာလိမ့်မယ် ။ နှစ်ပေါင်း ၂၀ ကျော် ခဏခဏ ပြောဆိုခဲ့တဲ့ ညီလေး  ၈၈ တုန်းက အုပ်ချုပ်သူနေရာမှာ ညီလေးရှိနေခဲ့ရင် တိုင်းပြည်ကိုဒီတိုင်းဆက်ထားမလား တပ်မတော်ကို ထိန်းသိမ်းခိုင်းမလား ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အကိုသိချင်မိတယ် ။ ယူ ၁၉  ကို   အားပေးကြသလို အကိုတို့ နိုင်ငံသားတွေ အားလုံး တစ်သားထဲရှိကြမယ် တာဝန်တွေ ကိုယ်စီသိထားကြမယ်ဆိုရင်တော့ ဒီမိုကရေစီ ဆိုတဲ့ လမ်းကြောင်းကို လမ်းစဉ် ၇ ရပ်တွေ ဘာတွေမလိုဘဲ  လွယ်လွယ်ကူကူ ညီလေးတည်ဆောက်နိုင် လိမ့်မယ်။ 

ကျောင်းသားဘဝကနေအကိုတို့ တွေလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် စစ်သားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားလာရတာပါ ။  အကိုတို့ စစ်သားဘဝမှာ အမှားတစ်ချက်မခံဖူး အရာရာကို စည်းစနစ်တကျလုပ်ရတယ် ပေါ့ပေါ့နေ ပေါ့ပေါ့စားရင် အသက်ပါသွားနိုင်တယ်လေ ။ အရာရှိတစ်ယောက် အနေနဲ့  ဦးဆောင်ရလေ တာဝန်တွေ
ပိုရှိလာလေဘဲ သတိလက်လွတ်လိုက်တာနဲ့  ကိုယ့် အသက်လည်း ဖြစ်နိုင်သလို ၊ ကိုယ့်ရဲ့ ရဲဘော် တစ်ဦးလည်း ဖြစ်နိုင်တယ်။ ဒါနဲ့ တင်ပြီးသွားတာလား မဟုတ်ဖူး  သူ တို့ ရဲ့  မိဘ ဇနီး 
မိသားစု  နောက်ဆက်တွဲတွေပါ ဒီဒဏ်ကို ခံစားကြရတယ် ညီလေး ။ 

တပ်မတော်သားတစ်ယောက်ဖြစ်လာတယ် အရာရှိငယ်တစ်ယောက်ဖြစ်လာတယ် အရာရှိကြီး တစ်ယောက်ဖြစ်လာတယ်  အဆင့်ဆင့်ဖြတ်သန်း လာခဲ့ရတယ် တာဝန်ယူမူတွေ တာဝန်သိမူတွေ
အများကြီး ရှိရတယ်။အခု အကိုသိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ စည်းစနစ် သိပ်ကျတယ် ၊
တာဝန်ကို သိပ်လေးစားတယ်၊ သူ ငယ်စဉ်က စာရွက်တစ်ရွက်ပြုတ်ကျနေတာ လူကြီးပုံပါတယ် ဆိုပြီး ကောက်တင်ခဲ့တယ်။ ခုလည်း စာနယ်ဇင်းက သူ့ ထက် အသက်အရွယ်ကြီးသူတွေကို တွေ့ ဆုံပြီး
ပြန်လည် လိုက်ပါပို့ ဆောင်ခဲ့တယ် ဒီလို ဂါရဝတောစ နိဝါတောစ ကိုအလေးထားတဲ့ သူတစ်ဦးဖြစ်တယ်။ တိုင်းပြည်ရဲ့  ကြီးလေးတဲ့ တာဝန်တွေအသံကောင်းဟစ်ဖို့ လွယ်ပေမဲ့  အလုပ်ကြတော့ခက်တယ် ။ ညီလေးပြောတဲ့ တာဝန်ဆိုတာထက် များစွာလေးနက်တဲ့ တာဝန်ပေါင်းများစွာ အကိုတို့ မှာ ရှိနေတယ် ။ တိုင်းပြည်ဖွုံ့ ဖြိုးတိုးတက်မူနှင့် အတူ တပ်မတော် ဟာလည်း တိုင်းပြည်နှင့် ကိုက်ညီသည့်   နိုင်ငံတော် ကာကွယ်ရေး အတွက် လုံလောက်တဲ့စွမ်းပကားရှိအောင်ကြိုးစားနေရတယ် ဆိုတာ သိအောင်ပြောပြလိုက်ပါတယ်။


ကိုစိုးလင်း
(ကျောက်ဆည်)






 



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...