Tuesday, October 21, 2014

ရီးရဲလ်နှင့်ပွဲ အရေးကြီးသလို အေဂျက်ဇ်ကိုနိုင်ရန် အရေးကြီးဟု နေမာပြော







ယခုသီတင်းပတ်အတွင်း ရီးရဲလ်ကို အနိုင်ယူရန် အ ရေးကြီးသလို အေဂျက်ဇ်ကို အနိုင်ကစား
ရေးမှာလည်း အရေးကြီးကြောင်း ဘာစီလိုနာကြယ်ပွင့် နေမာက ပြောကြားလိုက်သည်။ အဆိုပါ ဘရာဇီးလက်ရွေးစင်သည် ယခုဘောလုံးရာသီတွင် ခြေစွမ်း ပြနေပြီး ပြိုင်ပွဲအားလုံး ပွဲပေါင်းကိုးပွဲ၌ ကိုးဂိုးသွင်းယူထားသည်။

လာမည့် စနေနေ့တွင် အယ်လ်ဂလက်စီကိုပွဲအတွက် ရီး ရဲလ်နှင့် ရင်ဆိုင်မတွေ့မီ အင်္ဂါနေ့ ချန်ပီယံလိဂ် အေဂျက်ဇ်နှင့်ပွဲတွင် ဂိုးသွင်းနိုင်ရန် နေမာက စိတ်အားထက်သန်နေသည်။

 ‘‘အင်္ဂါနေ့မှာ ကျွန်တော်တို့ အနိုင်ကစားရမယ့် ပွဲတစ်ပွဲရှိနေ ပါတယ်။ အဲဒီပွဲနိုင်ပြီးမှ ကျွန်တော်တို့ ရီးရဲလ်နဲ့ပွဲကို စပြီးစဉ်းစားနိုင် မှာပါ။ ကျွန်တော့်အတွက် အရေး ကြီးတာကတော့ အင်္ဂါနေ့ပွဲရော ရီးရဲလ်နဲ့ပွဲမှာပါ ဂိုးသွင်းနိုင်ဖို့ပါ’’ ဟု နေမာက ပြောသည်။

 ကွင်းလယ်ကစားသမား မာ ရှေယာနိုကလည်း ရီးရဲလ်နှင့်ပွဲအကြောင်းမတွေးဘဲ အေဂျက်နှင့်ပွဲ တွင် အနိုင်ရရန်သာ အသင်းအ တွက်အရေးကြီးကြောင်း ပြော သည်။

—Ref: Goal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...