
ဝါ ကျွတ်ကာလအပြီး ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်တွင် နိုင်ငံခြားသား ငှားရမ်းနေထိုင်မှု ပိုမိုများပြားလာ ကြောင်း အိမ်ခြံမြေအကျိုးဆောင်များ ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့တွင်း နိုင်ငံခြားသား များ ကွန်ဒိုတိုက်ခန်းများငှားရမ်း နေထိုင်မှုသည် ယမန်နှစ်ထက်နှစ် ဆခန့်မြင့်တက်လာသည်ဟု ယင်းအ သိုင်းအဝိုင်းက ဆိုသည်။
ပြည့်စံအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မငြိမ်းငြိမ်းအေးက''မနှစ် ကထက် ဒီနှစ် နိုင်ငံခြားသားငှားရမ်း မှု ပိုများလာတယ်။ မြို့နယ်စုံလောက် ကို ငှားရပါတယ်''ဟု ပြောသည်။
လက်ရှိရန်ကုန်အိမ်ခြံမြေဈေး ကွက်အတွင်း ကွန်ဒိုတိုက်ခန်းငှားရမ်း မှုအများဆုံးရှိသည့်မြို့နယ်များမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ စမ်း ချောင်း၊ အလုံမြို့နယ်တို့အပြင် အ ချက်အချာကျသော မြို့နယ်များ တွင် အများဆုံးငှားရမ်းမှုများရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
ရွှေလင်းအိမ် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ မအေးသီတာက ''ကွန်ဒိုတိုက်ခန်းတွေက နိုင်ငံခြားသား ငှားတာများတယ်။ ပြည်တွင်းကလူ တွေကျတော့ ရုံးခန်းဖွင့်ဖို့လောက်ပဲ ငှားတယ်။ နေထိုင်ဖို့အတွက်ငှားတာ မရှိဘူး။ နိုင်ငံခြားသားကျတော့ နေ ထိုင်ဖို့ငှားတာ။ ဒါကြောင့်နှစ်နှစ် လောက်ရှိပြီ ကွန်ဒိုတွေအငှားများ လာပါတယ်''ဟုပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၏အ ချက်အချာကျသောနေရာများတွင် ကွန်ဒိုငှားရမ်းမှုများမှာ တစ်လလျှင် ကျပ်သိန်း၂ဝမှကျပ် ၅၅သိန်းအထိ ဈေးရှိပြီး၊ အိမ်ရှင်သတ်မှတ်ချက်များ အတိုင်း ဒေါ်လာဖြင့် ငှားရမ်းမှု များလည်းရှိကာ ဒေါ်လာဖြင့်ငှားရမ်း မှုမှာ တစ်လလျှင်ဒေါ်လာ၁၅ဝဝမှ ၂၅ဝဝအထိဈေးရှိကြောင်း သိရသည်။
Win Together အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက''ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေက နေထိုင်ဖို့ရော၊ အလုပ်လုပ်ဖို့ရော ငှားကြတဲ့အတွက် လက်ရှိမှာ ကွန်ဒိုအငှားဖြစ်တယ်။ ပိုက် ဆံရှိတဲ့သူတွေက ကွန်ဒိုကြိုပွိုင့်တွေ ဝယ်ထားတာများတယ်။ ပြီးနိုင်ငံခြား သားတွေကို ဒေါ်လာနဲ့ပြန်ငှားတာ တွေရှိသလို၊ မြန်မာကျပ်ငွေတွေနဲ့ ပြန်ငှားကြတယ်''ဟုပြောသည်။
ကွန်ဒိုဥပဒေအတည်ပြုပြဋ္ဌာန်း ပြီးပါက ကွန်ဒိုဈေးနှုန်းများလက်ရှိ ဈေးထက်ဈေးပိုမိုမြင့်လာနိုင်ပြီး၊ အ ရောင်းအဝယ်ပိုကောင်းလာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆
HH
Democracytoday
0 comments:
Post a Comment