Saturday, October 18, 2014

ကိုယ်ဝန်မဆောင်မီ ကြော်ထားသောအစား အစာများ စားသုံးခြင်းက ဆီးချိုဖြစ်မည့်အန္တရာယ်မြင့်မား




အမေရိကန် အမျိုးသားကလေးကျန်းမာရေး နှင့်လူသားဖွံ့ဖြိုးရေးဌာနက ပြုလုပ်သော လေ့လာ မှုအသစ်တစ်ခုအရ ကိုယ်ဝန်မဆောင်မီ ကြော် ထားသောအစားအစာများကို ပုံမှန်စားသုံးခြင်း က ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုဖြစ်ပွားနိုင်သည့် အန္တရာယ်ကို မြင့်မားစေကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါသည် ကိုယ် ဝန်မဆောင်မီ ဆီးချိုရောဂါမရှိခဲ့သော ကိုယ်ဝန် ဆောင် အမျိုးသမီးတွင်တွေ့ရသော ဆီးချိုရောဂါ တစ်မျိုးဖြစ်သည်။

ဆရာဝန်များအနေဖြင့် ကိုယ်ဝန်ဆောင် ကာလ ၂၄ပတ်နှင့် ၂၈ပတ်အတွင်း အခြေအနေ ကို စစ်ဆေးလေ့ရှိသည်။ မထိန်းချုပ်နိုင်သော သွေးတွင်းသကြားဓာတ်ကြောင့် ကလေးအရွယ် အစား လွန်စွာကြီးမားခြင်း၊ သွေးဖိအားတက်ခြင်း သို့မဟုတ် သွေးချိုအလွန်ကျဆင်းခြင်းတို့ ဖြစ် တတ်သည်။

လေ့လာမှုစာတမ်းရေးသူ ဒေါက်တာကူအီ လင်ကျန်သည် ၄င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ဆယ်နှစ်တာကာလအတွင်း မှတ်တမ်း တင်ခဲ့သော ကိုယ်ဝန်ဆောင် ၂၁ဝဝဝ၏အချက် အလက်များကို လေ့လာခဲ့သည်။

လေ့လာမှုကာ လအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၈၅ဝ သည် ဆီးချိုရောဂါဖြစ်ပွားခဲ့သည်။

လေ့လာမှုခံယူသူများသည် ၄င်းတို့စားသော အစားအစာ၊ လူနေမှုပုံစံတို့နှင့်ပတ်သက်၍ ၄င်း တို့အားမေးသော မေးခွန်းများကို ပြီးဆုံးအောင် ဖြေကြားခဲ့သည်။ လေ့လာမှုအရ ကြော်ထားသော အစားအစာများစားသည့် ကြိမ်နှုန်းများလေလေ ကိုယ်ဝန်ဆောင်ကာလ ဆီးချို
ဖြစ်ပွားနှုန်းများ လေလေဖြစ် ကြောင်း တွေ့ရှိခဲ့သည်။

ကြော်ထားသည့်အစားအစာများ တစ်ပတ် လျှင် တစ်ကြိမ်မှသုံးကြိမ်အထိစားလျှင် ဆီးချို အန္တရာယ် ၁၃ရာခိုင်နှုန်းမြင့်မားပြီး တစ်ပတ်လျှင် လေးကြိမ်မှ ခြောက်ကြိမ်အထိစားလျှင် ၃၁ရာ ခိုင်နှုန်းမြင့်မားပြီး တစ်ပတ်လျှင် အနည်းဆုံး ခုနစ် ကြိမ်အထိစားပါက ရာခိုင်နှုန်း ၅ဝအထိ အန္တရာယ် မြင့်မားသည်။

သို့သော်လည်း ကြော်ထားသော အစားအစာများနှင့် ကိုယ်ဝန်ဆောင်ကာလ ဆီး ချိုဖြစ်ပွားမှုကြား ကွင်းဆက်တစ်ခုကို အခိုင်အ မာတည်ဆောက်ရန် နောက်ထပ်လေ့လာမှုလုပ် ရန်လိုအပ်ကြောင်း ၄င်းသုတေသီတို့က ပြောကြားခဲ့သည်။


ဝါရှင်တန်၊
Ref: HNGN

‪TheYangonTimes‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...