
ပဒေသရာဇ် ခေတ် မှာ ပဒေသရာဇ်ဘုရင်တွေအချင်းချင်း ဟိုဘုရင်ကသိမ်းလိုက် ၊ ဒီဘုရင်ကသိမ်းလိုက် အင်အားကြီးတဲ့ ဘုရင်ကသိမ်းတာပဲ ။ မြန်မာပြည်ကို ဗမာဘုရင်တွေ အုပ်စိုးခဲ့တဲ့ခါတွေလည်းရှိတယ် ၊ မွန်ဘုရင်တွေ အုပ်စိုးတဲ့ခါတွေလည်းရှိတယ် ၊ ရှမ်းစော်ဘွားတွေ အုပ်စိုးခဲ့တဲ့ခါလည်းရှိတယ် ၊ ရခိုင်ဘုရင်တွေ သိမ်းပိုက်ခဲ့တာတွေလည်းရှိတယ် ။
ကိုယ့်ထီးကိုယ်နန်းနဲ့ ကမ္ဘာ့ အလည် တင့်တယ်ခဲ့တဲ့ သမိုင်းကို တန်ဖိုးထား ကြတာကလွဲလို့ အတိတ်သမိုင်းတွေကို ပြန်မလှန်ခဲ့ကြဘူး ။ လွတ်လပ်ရေးရခါ စ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်တွင်းမှာ ကြီးစိုးစဉ်ချိန်က ဘာတွေလုပ်ခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတွေရှိပါတယ် ။ အစိုးရ က ပေါ် လစီတစ်ခု အနေနဲ့ စိစစ်သလို ၊ ဗမာတိုင်းကလည်း တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားလို့ ထုတ်ဖော်ပြောဆိုခဲတယ် ။ ဗမာဖြစ်ခြင်းကြောင့် သေခဲ့ရတဲ့ ဖြစ်စဉ်တွေ အများကြီးရှိတယ် ။
မသိလို့ မဟုတ်ပါ ဘူး ။ မပြောသင့် လို့ မပြော ခဲ့ ကြတာ ။
အစိုးရ အဖွဲ့ပဲဖြစ်ဖြစ် ၊ အတိုက်ခံ ပြု နေသူတွေဖြစ်ဖြစ် ဘယ်တော့ မှ ဗမာလူမျိုးတစ်မျိုးတည်းကွက်ပြီး မစဉ်းစားခဲ့ကြဘူး ။ အစိုးရ က လုပ်မပေးနိုင်တာတွေရှိရင်တောင် အတိုက်ခံ ဗမာတွေ ထောက်ပြ ခဲ့ ကြ ၊ စဉ်းစားခဲ့ကြတာချည်းပဲ ။
ယုံကြည်ချက်ကြောင့် လက်နက်ကိုင်ကြသူတွေအားလုံးဟာ စစ်သားတွေချည်ပဲ ။
ကိုယ့်တပ်မတော်က ဖြစ်ဖြစ် ၊ ရင်ဆိုင်တိုက်ခိုက်ရတဲ့ လက်နက်ကိုင်တပ်တွေကဖြစ်ဖြစ် အားလုံးဟာ စစ်သားတွေချည်းပဲ ။ စစ်သား ကို စစ်သား က မှ မလေးစားရင်ဘယ်သူက မှ လေးစားမှာမဟုတ်ဘူး ။ စစ်သားတစ်ယောက် သေဆုံးသွားတာ ဟာ ပျော်စရာမဟုတ်ဘူး ၊ ဂုဏ်ယူစရာမဟုတ်ဘူး ။ စစ်တိုက်ရတယ်ဆိုတာ မဖြစ်နိုင်တဲ့ အဆုံးမှာ သုံးတဲ့ဖြေရှင်းနည်းတစ်မျိုးပဲ ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ သေဆုံးသွားကြရတဲ့ စစ်သားတွေကို လေးစားကြရမယ် ။ လူဂုဏ်သိက္ခာ သေးသိမ်းအောင် မလုပ်ကြရဘူး ။
မုန်းစ ရှည်စေအောင် မဖန်တီးကြရဘူး ။ အဲဒါဟာ စစ်သားတစ်ယောက်စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ် ၊ လူသားတစ်ယောက်လိုက်နာအပ်တဲ့နီတိ ၊ တိုင်းရင်းသားတွေအချင်းချင်း နားလည်အပ်တဲ့ စောင့်စည်းမှုပဲ ။
ရုပ်ဆိုး
0 comments:
Post a Comment