Friday, October 17, 2014

မက္ကဆီကိုကျောင်းသား ၄၀ ကျော်ပျောက်ဆုံးနေမှု အမြန်ဆုံးဖော်ထုတ်ပေးရန်တောင်းဆို










မက္ကဆီကိုနိုင်ငံမှာ ကျောင်းသား ၄၃ ဦးပျောက်ဆုံးနေမှုကို မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရရှေ့နေချုပ်ရုံးကို ခဲတွေနဲ့ ပစ်ပေါက်ပြီး အမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက Guerrero ပြည်နယ်မှာ ဆရာဖြစ်ကောလိပ်ကျောင်းသားတွေ ရဲတွေနဲ့ ပဋိပကတွေ ဖြစ်ပွားခဲ့တဲ့ညမှာပဲ ပျောက်ဆုံးနေခဲ့တာပါ။
ကျောင်းသားတွေကို ရဲတွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ ပေါင်းပြီး သတ်ပစ်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကြောင့် မက္ကဆီကိုပြည်သူတွေအကြား စိုးရိမ်မှုတွေလည်း ဖြစ်နေပါတယ်။

ပထမပိုင်းမှာ တွေ့ရှိခဲ့တဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မြုပ်နှံမှုဟာ ကျောင်းသားတွေ မဟုတ်ဘူးဆိုပြီး အစိုးရရှေ့နေချုပ်က အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသားတွေက အဲဒီထက် ပိုတိကျတဲ့အဖြေကို လိုချင်နေကြတာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၄၀ ကိုလည်း ဖမ်းထားပါတယ်။

ကျောင်းသားတွေ ပျောက်ဆုံးမှုနဲ့ Guerrero ပြည်နယ်မငြိမ်သက်မှုတွေဟာ လက်ရှိ မက္ကဆီကိုသမ္မတအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အခုလို အကြမ်းဖက်မှုတွေကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ကတိနဲ့ သမ္မတဟာ တက်လာတာ ဖြစ်ပေမယ့် ဒီကျောင်းသားတွေ ပျောက်ဆုံးနေမှုကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ပြည်တွင်းနဲ့ ပြည်ပမှာပါ ဖိအားပေးခံနေရပါတယ်။

Friday, October 17, 2014
DVB

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...