
အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ ချုပ်တို့ပူးပေါင်းပြီး
ISTAF Super SeriesMyanmar 2014/ 15ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကို မြန်မာနိုင်ငံတွင်အိမ်ရှင်
အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အဆိုပါပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန်
အပြည်ပြည် ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး အောက်တို
ဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာ လ ၂ ရက်နေ့အထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရုံတွင်
ကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးစိုးနိုင်က ပြောသည်။
"ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ ဒီပွဲမှာ ဆီးဂိမ်းတုန်းကယှဉ်ပြိုင်ခဲ့ တဲ့ ကစား
သမားတွေပါဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျိုးဆက်သစ်ကစားသမားလေးတွေကို သေချာ
လေ့ကျင့်သင်ကြားပေးပြီး ယှဉ်ပြိုင်သွားမှာပါ။ ပိုက်ကျော် ခြင်းဆိုတာက ရိုးရာအားကစားနည်း
ကနေအခုဆိုရင် အာဆီယံအဆင့်အားကစားနည်းအဖြစ်ရောက်ရှိလာပါပြီ။ ဒါကြောင့် ကျွန်တော်
တို့အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု အားကစားနည်းဖြစ်လာအောင်ဆက်လက်ကြိုးပမ်းသွား
မှာပါ" ဟု မြန်မာ နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုး နိုင်က ပြောသည်။
အဆိုပါ ISTAF Super Series Myanmar 2014/ 15 ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် အမျိုးသား
အသင်းအနေဖြင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနှင့်
အိမ်ရှင်မြန်မာ အသင်း စုစုပေါင်း ကိုးနိုင်ငံပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးအသင်းတွင် ထိုင်း၊
ဗီယက်နမ်၊ မလေးရှား၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အိမ်ရှင်မြန်မာအသင်း အပါအ၀င် ခြောက် နိုင်ငံ
ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ISTAF အနေဖြင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏စွမ်းဆောင်မှု များကို အပြည်အ၀ယုံကြည်
မိကြောင်း၊ မြန်မာနိုင်ငံတွင် ကျင်းပမည့ှ်ကစနမှနမငနျ သည် ပိုက်ကျော်ခြင်းအားကစား ကို နိုင်ငံ
တကာအဆင့်ချဲ့ထွင်ရန် အတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး ဒုတိယ ခြေလှမ်းအနေဖြင့် ကိုရီးယား
နိုင်ငံ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချူပ်
(ISTAF) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒါတိုအဗ်ဒွလ်ဟလင်မ်ကာဒရ်က ပြောကြား သည်။
ISTAF Super Series Myanmar 2014/ 15 ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုးပါဝင်မည်ဖြစ်ပြီး
ယခုလက်ရှိအချိန်၌ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း
များအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း၊ ပြိုင်ပွဲလက်ခံကျင်းပမည့် အားကစားရုံ
များတွင်လည်း ၀ိုင်ဖိုင်အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်
ဥက္ကဋ္ဌဦးစိုး နိုင်က ပြောသည်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင်
လည်း မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်များ ရယူပေးနိုင်ခဲ့ပြီး ပရိသတ်များကို ကျေနပ်အောင်စွမ်း
ဆောင် ပေးနိုင်ခဲ့သည်။
The Myanmar Times
0 comments:
Post a Comment