Tuesday, October 21, 2014

စကားလုံးများရဲ့ ထောင်ခြောက်






Globalization ဂလိုဘယ်လိုက်ဇေးရှင်းတဲ့..။ ရွတ်ရတာ ပါးစပ်ထဲ ပလုပ်ပလောင်းနဲ့ အတော်ရွတ်လို့ ကောင်းသပေါ့။ ဘာပြောပြော ဘာလုပ်လုပ် ဂလိုဘယ်လိုက်ဇေးရှင်း
ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ ကြာတော့ သူ့ဘာသာနေတဲ့ စကားလုံးတောင် လူအမြင်
ကပ်ခံချင်စရာ ဖြစ်လာတယ်။


မြန်မာ့မြေကို တရုတ်၊ တရက်တွေဝင်တုန်းက၊ အင်္ဂလိပ်သိမ်းတုန်းက၊ ဂျပန်သိမ်းတုန်း က အဲဒီ ဂလိုဘယ်လိုက်ဇေးရှင်းကြီးက ဘယ်ရောက်နေလဲ။

ကမ္ဘာပတ်ပြီး ပင်လယ်ဓားပြလုပ်လာတဲ့ လူမျိုးတွေက ဒုတိယကမ္ဘာစစ်မှာ စစ်နိုင်တော့
အတ္တလန်တိတ်ချာတာကိုရေးခဲ့ကြတယ်။ ပြီးတော့ အဲဒီ အတ္တလန်တိတ်ချာတာကို အခြေ
ခံပြီး လူ့အခွင့်အရေးကြေညာစာတမ်းဆိုတာ ဖြစ်လာတယ်။

ဂျာမဏီကို ခွေးအသားတစ်ဆွဲသလို အပိုင်းပိုင်းဖဲ့ပြီး ဝေယူကြတာ ဘယ်သူတွေလဲ။ ပိုလန်စင်္ကြန်ကို သိမ်းပြီး ဂျာမဏီကို လုပ်ချင်သလိုလုပ်ခဲ့တယ်။ ဂျာမန်စစ်တပ်ကို ရဲတပ် ဖွဲ့သာသာ ဖွဲ့စည်းပေးပြီး ဂျာမန်တွေရဲ့ အမျိုးဂုဏ် ဇာတိမာန်တွေကို ရိုက်ချိုးခဲ့ တယ်။ တကယ်တော့ ဟစ်တလာဆိုတဲ့ အစွန်းရောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးဟာ မဟာမိတ်နိုင်ငံ အမည်ခံ ပင်လယ်ဓားပြဟောင်းတွေကြောင့် ပေါ်လာတာပါ။ ဟစ်တလာကိုမွေးဖွားပေးလိုက်တာ အင်္ဂလိပ်နဲ့ အမေရိကန်ပေါ့။

မြန်မာပြည်ကို အင်္ဂလိပ်သိမ်းတော့ ဗမာတွေဟာ Barbarian (Uncivilized) တွေ
ဖြစ်တယ်။ ရုပ်တုကိုးကွယ်တဲ့ အရိုင်းအစိုင်းတွေဖြစ်တယ်။ ဘုရားသခင်နဲ့ထိတွေ့ခွင့်ရမှ
သာ ယဉ်ကျေးတဲ့ လူမျိုးတွေဖြစ်လာမယ်၊ ဒါ့ကြောင့် ဗမာတွေအကျိုးအတွက် မြန်မာပြည်
ကို အမြန်တိုက်ခိုက်သိမ်းပိုက်ပါလို့ အင်္ဂလိပ်ကုန်သည်တွေနဲ့ အင်္ဂလိပ် ဗိုလ်ချုပ်ကြီးတွေ
က လန်ဒန်ကို Report ပို့ပါသတဲ့။ (ဖြစ်ရပုံများ)



ဒီလိုကူလီကူမာ လုပ်ထားတဲ့ မရိုးသားမှုတွေ ပေါ်မှာစိုးလို့ သရေခေတ္တရာ ခင်ဘကုန်းက
တွေ့တဲ့ ပျူအရိုးအိုးတွေကို ဗမာတွေရဲ့ သမိုင်းအထောက်အထားမဟုတ်ဘူးလို့ ရည်ရွယ်
ချက်ရှိရှိနဲ့ ငြင်းဆို ပုံဖျက်ခဲ့တယ်။ ဗမာဆိုတာ ထီးနဲ့နန်းနဲ့ ကြငှန်းနဲ့ ဝင့်ဝင့်ထည်ထည်
နေလာတယ်ဆိုတာ အင်္ဂလန်က ပုဂ္ဂိုလ်တွေ မသိစေချင်ဘူးလေ။

ဗမာနဲ့ပဝေသဏီကတည်းကနေလာတဲ့ လူမျိုးစုတွေကို လူမျိုးရေး၊ ဘာသာရေးတွေနဲ့ အတင်းသပ်ရှိုသွေးခွဲတယ်။ အင်္ဂလိပ်ကို တော်လှန်တဲ့ ဗမာ့တော်လှန်ရေးသမားတွေ ကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ဖို့ သူတို့မွေးထားတဲ့ တိုင်းရင်းသား စစ်ပုလိပ်တွေကို တာဝန်ပေးတယ်။



အခြေအနေအရ လွတ်လပ်ရေး မပေးမဖြစ်လို့ပေးလိုက်ရတဲ့အခါ မစားရတဲ့အမဲ သဲနဲ့ ပက်တယ်။ လွတ်လပ်ရေးရရချင်းဖြစ်တဲ့ ပြည်တွင်းစစ်ဟာ အင်္ဂလိပ်အကွက်ချစီစဉ်ခဲ့လို့
ဖြစ်တာပါ။

အခု ၂၁ ရာစုခေတ်ကျတော့ အရင်လို ဘလိုင်းကြီးဝင်လို့ မကောင်းတော့ လစ်ဘရယ်၊ ဒီမိုကရေစီ၊ ဂလိုဘယ်လိုက်ဇေးရှင်းတွေ တွင်တွင်သုံးလာတယ်။

ဘယ်နိုင်ငံမဆို ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး ထီးတည်းနေလို့မရဘူးဆိုတာ လက်ခံပါ
တယ်။ ဒါပေမဲ့ အုတ်ရောရော ကျောက်ရောရောနဲ့ စကားလုံးတွေ ကစားချင်သလို ကစား
ပြီး အမျိုးသားရေးကို ချေမွဖျက်ဆီးပစ်ဖို့ ကြိုးစားတာကိုတော့ အမျိုးသားရေး သတိရှိတဲ့
မြန်မာလူမျိုးတိုင်းက ကာကွယ်တားဆီးရမှာပဲဖြစ်တယ်။

ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ တန်ဖိုးတွေဆိုတာ နှစ်ပေါင်း ၂၀၀၀/ ၃၀၀၀ ကျော်
ပြုစုပျိုးထောင်ခဲ့ရတာ...။

ရဲကျော်သူရ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...