
မန္တလေးမြို့ ဗြဟ္မစိုရ်အသင်းမှ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိရာ ဆေးရုံသစ်ကြီးတစ်ခုကို မန္တလေးမြို့ (၆၂)လမ်း (၃၃ x ၃၄)လမ်းကြား ချမ်းအေးသာစံ မြို့နယ် အတွင်း၌ တည်ဆောက်လျက်ရှိပြီး ၅ဝ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။
ဆင်းရဲနွမ်းပါးသူများအား အထူးကု ဆရာဝန်ကြီးများဖြင့် ရောဂါကို ထိထိရောက်ရောက် ကုသလို စိတ်ကို ဖြည့်ဆည်းပေးရန်၊ ဆေးရုံအထိ တက်ရောက်ရသည့် အနေအထားများ လျော့ပါး သွားစေရန်နှင့် ဆေးရုံတက် ကုသရမည့် အနေအထားရှိပါက လျင်မြန်စွာကုသနိုင်ရန်၊ ဆေးရုံတက် ကုသရသော လူနာများအတွက် လိုအပ်ပါက ဆက်လက်ထောက်ပံ့ ကူညီသွားရန် ရည်ရွယ်လျက် ၂ဝဝဝ ပြည့်နှစ် များမှ အစပြုပြီး ကျန်းမာရေး စောင့်ရှောက်မှုများကို အသင်းကြီးမှ ဆောင်ရွက်လျက်ရှိရကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ စတင် ဆောင်ရွက်စဉ်က မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ကလေး၊ သားဖွားမီးယပ်၊ ဖျားနာ၊ အရိုးအဆစ်၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်းလုပ်ငန်း များသာ စောင့်ရှောက်မှုပေးနိုင်ခဲ့သော် လည်း ယခုအခါ တီဘီ၊ သွားနှင့် ခံတွင်း၊ အရေပြား၊ ခွဲစိတ်(သာမန်)၊ အကြောအဆစ်၊ စိတ်ရောဂါအထူးကု နှင့် အဆုတ်နှင့်ရင်ခေါင်းအထူးကု ရောဂါများပါ ကူညီစောင့်ရှောက်မှုပေး လျက်ရှိသည်။
ကုသိုလ်ဖြစ် အထူးကုဆေးခန်းတွင် ပညာဒါန၊ လုပ်အားဒါနပေးလှူကြ သော ကုသိုလ်ရှင် အထူးကုဆရာ ဝန်ကြီး ၄ဝ၊ အထွေထွေရောဂါကု ဆရာဝန် ၄ဝ၊ သူနာပြုဆရာမ ၃၅ ဦး၊ ကျွမ်းကျင်ပညာရှင် ၁၅ ဦး ၊ စေတနာ့ဝန်ထမ်းလူငယ်မောင်မယ် ၁ဝဝ နှင့် ဝန်ထမ်း ၂၅ ဦးတို့က ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၁၃ ခုနှစ်အတွင်း ကျန်းမာရေးကူညီမှု လုပ်ငန်းများအတွက် ငွေကျပ်သိန်း ကိုးရာကျော် အသုံးပြုခဲ့ကြောင်း သိရသည်။
ယခုအခါ အသင်းကြီးမှ ဦးဆောင် ၍ အလျား ၁ဝ၂ ပေ၊ အနံ ၃၂ ပေရှိ သုံးထပ်ဆောင် ဆေးရုံသစ်ကြီးကို လည်း စေတနာရှင်အကူအညီများ ဖြင့် တိုးချဲ့ဆောက်လုပ်လျက်ရှိပြီး ဓာတ်လှေကားများ တပ်ဆင်သွား မည်ဖြစ်သည်။
အသင်းကြီးသည် နာရေးကူညီမှု လုပ်ငန်း၊ သဘာဝနှင့် အခြားဘေး အန္တရာယ်ကူညီမှုလုပ်ငန်း၊ အသည်း၊ ကျောက်ကပ်၊ သွေးလှူဒါန်းခြင်း လုပ်ငန်း၊ ပညာရေးကူညီမှုလုပ်ငန်း (၅)ရပ်ဖြင့် အများပြည်သူအကျိုး သယ်ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
မြဝတီ
0 comments:
Post a Comment