
မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့တွင် နားပေါက်မပါသည့်အပြင် စအိုပေါက်ပါ မပါသည့်
ထူးခြား သော မိန်းကလေးငယ်တစ်ဦးအား အောက်တိုဘာ ၁၆ရက်က မွေးဖွားခဲ့ရာ အဆိုပါ ကလေးငယ် ဆေးကုသမှုခံယူနိုင်ရေးအတွက် အလှူ ရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မိန်းကလေးငယ်ကို ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက် ကန်တော်လေးရပ်နေ မိဘများဖြစ်ကြသည့် ဦးသန်းထွန်းဝေနှင့် ဒေါ် သီသီလှိုင်တို့က ယင်းနေ့ နံနက် ၂ နာရီ ၂၈မိနစ်တွင် နေအိမ်၌မွေး ဖွားခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အ ချက်မှာ မိန်းကလေးငယ်၏ ဘယ် ဘက်နားတွင် နားရွက်နှင့် နားပေါက် မပါသည့်အပြင် စအိုပေါက်မပါရှိ သောကြောင့် ကျင်ကြီးစွန့်ရန် ခက် ခဲနေကြောင်း မိဘနှစ်ပါး၏ ပြော ကြားချက်အရ သိရှိရသည်။
သို့ဖြစ်ပါ၍ အလှူရှင်များအနေ ဖြင့် ခွဲစိတ်ကုသရန်အတွက် ကူညီ လှူဒါန်းလိုပါက ဖခင်ဖြစ်သူ ဦးသန်းထွန်းဝေ ဖုန်း-ဝ၉၃၃၂၉၂၄၇၅ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ှ
ရေနံချောင်း၊ အောက်တိုဘာ ၂၃
Democracytoday
0 comments:
Post a Comment