Wednesday, October 29, 2014

ကလေးငယ်များ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အစားအသောက်များကို ကျွေးမွေးရန်လို

 

ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အတွက် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အကြိမ်အရေ အတွက်အတိုင်း အစားအသောက် များ ကျွေးမွေးသင့်ကြောင်း ယူနီ ဆက်ဖ်မြန်မာမှ Nutrition Specialist ဖြစ်သူ ဒေါက်တာကျော်ဝင်း စိန်က ပြောသည်။

အသက်အရွယ်အလိုက် ဖြည့်စွက်စာကျွေးရန်လို


အသက်ခြောက်လမှ ရှစ်လ အတွင်းရှိ ကလေးများအား တစ်နေ့ လျှင်သုံးကြိမ်၊ ကိုးလမှ ၁၁လအထိ ကလေးငယ်များအား တစ်နေ့လျှင် လေးကြိမ်နှင့် အသက်တစ်နှစ်နှင့် အထက်ကလေးများအား ထမင်း၊ ဟင်းကို တစ်နေ့သုံးကြိမ်နှင့် သရေ စာကို နှစ်ကြိမ်ခန့်ကျွေးသင့်ကြောင်း သရေစာကျွေးရာတွင်လည်း ဆန် နှင့်ပြုလုပ်ထားသောမုန့်များနှင့်အသီး အနှံများကိုသာ ကျွေးသင့်ကြောင်း သိရသည်။

''မိခင်နို့က မွေးကင်းစကလေး တွေအတွက် အကောင်းဆုံးအာဟာရ ပါ။ မွေးပြီးနာရီဝက်အတွင်းမိခင်နို့ ကို စတင်တိုက်ပါ။ မီးဖွားပြီးတစ် ရက်နှစ်ရက်မှာ ထွက်တဲ့မိခင်ရဲ့နို့ရည် ကြည်(နို့ဦးရည်)ကို တိုက်ဖြစ်အောင် တိုက်ပါ။ ညှစ်မပစ်ပါနဲ့။ ကလေး အသက်ခြောက်လအထိ မိခင်နို့တစ် မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ရေ အပါအဝင် အခြားအရည်အဖတ် ဘာမှကို မတိုက်ကျွေးသင့်ပါဘူး''ဟု ဒေါက်တာကျော်ဝင်းစိန်ကဆက် လက်ပြောသည်။


မိခင်နို့ကို ကလေးဆာသည့် အခါတိုင်း နေ့ရောညပါတိုက်ကျွေး ပြီး မိခင်နို့ကို ကလေးအသက်တစ် နှစ်ခွဲ၊ နှစ်နှစ်အထိဆက်တိုက် တိုက် ကျွေးဖို့လိုအပ်ကြောင်း သိရသည်။

ကလေးအသက်ခြောက်လပြည့် လျှင် မိခင်နို့နှင့်အတူအခြားသော အစားအစာများ ဆန်ပြုတ်၊ ထမင်း ပျော့ပျော့ကို ဆီအနည်းငယ်ထည့်၍ ကျွေးခြင်း၊ ပဲ၊ အသား၊ ငါး၊ ဥ၊ ဟင်း သီးဟင်းရွက်များစသည်တို့ကိုနူးနပ် အောင် ချက်ပြုကာ ကလေးအား တဖြည်းဖြည်း အကျင့်လုပ်ကာ စတင် ကျွေးခြင်း၊ လတ်ဆတ်သောငှက်ပျော သီးမှည့်၊ သင်္ဘောသီးမှည့်နှင့် အသီး အနှံများကို ကျွေးသင့်ပြီး ယင်းသို့သား၊ ငါး၊ သီးနှံစုံအောင်ကျွေးမှသာလျှင် ကလေးပုံမှန်ကြီးထွားနိုင်မည်ဖြစ် ကြောင်း သိရသည်။

အခြားဂရုစိုက်ရမည့်အချက်မျာ

''ကလေးတွေမှာ အများဆုံးဖြစ် တဲ့ရောဂါတွေကတော့ ကုသ၊ ကာ ကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။အဓိကကတော့ တစ်ကိုယ်ရည် သန့် ရှင်းရေး ဂရုစိုက်ရမယ်။ ကလေး အတွက်လိုအပ်တဲ့ကာကွယ်ဆေးတွေ ကိုအကြိမ်ပြည့်ထိုးေ ပးရမယ်''ဟု ကလေးအထူးကုဆရာဝန် ဒေါက် တာမြင့်လွင်က ပြောသည်။

ယင်းအတွက်ကြောင့် ကလေး များပုံမှန်ဖွံ့ဖြိုးကြီးထွားရန်အတွက် မှာ အာဟာရပြည့်ဝစွာကျွေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက် ခြင်း၊ ကလေးများ၏ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လိုအပ်သည့်ကာကွယ် ဆေးများအား အကြိမ်ပြည့်ထိုးခြင်း၊ တိုက်ခြင်း၊ ကလေးကြီးထွားဖွံ့ဖြိုးမှု များကို မှတ်တမ်းတင်ထားခြင်းတို့မှာ အလွန်လိုအပ်ကြောင်း သိရသည်။

''ကလေးတွေမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတို့လို ရောဂါတွေ မဖြစ်ရအောင် နေ့ဘက်ပဲ ဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် ကလေး တွေ အိပ်ရင်ခြင်ထောင်နဲ့အိပ်ရမယ်။   နောက်ပတ်ဝန်းကျင်သန့်ရှင်းရေးကို လဲ ဂရုစိုက်ရမယ်။ အဲဒါမှသာ ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်တာတွေ ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ဒေါက်တာမြင့်လွင်က ပြောသည်။

ကလေးငယ် နေမကောင်းဖြစ်လျှင်

ကလေးများနေမကောင်းဖြစ် ပါက အစားမဖြတ်ခြင်း၊ အရည်ပို တိုက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကာ၊ ဖျားလျှင် မက်ကလောင်ဖောက်ခြင်း များကို မပြုလုပ်သင့်ဘဲကျွေးနေကျ အတိုင်းကျွေးရန်နှင့် နာလန်ထချိန် တွင် အစာကို ပိုကျွေးသင့်ကြောင်း သိရသည်။

''ကလေးနာလန်ထချိန်မှာ အ စားပိုကျွေးရမယ်။ ကလေးစိတ်ကို ပျော်ရွှင်အောင်ထားရမယ်။ ကလေး တွေအတွက် လိုအပ်တဲ့အာဟာရ တွေ ကျွေးတာမျိုး လုပ်ပေးရမယ်။ နောက်တစ်ခုက ကလေးများ ရင် ကျပ်၊ ချောင်းဆိုးခြင်းများ မဖြစ်စေ ဖို့အတွက် ဥပမာ- အိမ်အတွင်း ဆေးလိပ်သောက်တာမျိုး၊ အခိုးအ ငွေ့မီးခိုးတွေ၊ အမှုန်တွေစသည့် လေ ထုညစ်ညမ်းမှုတွေမဖြစ်အောင် ရှောင် ကြဉ်သင့်ပါတယ်'' ဟု ဆက်လက် ပြောသည်။

ငါးနှစ်အောက်ကလေးများအား တစ်နေ့လျှင် ထမင်းသုံးကြိမ်ကျွေး သင့်ပြီး အာဟာရပြည့်ဝသည့်မုန့်၊ ပဲ၊ သရေစာများကို မကြာခဏကျွေးသင့် ကာ ကလေးများနေမကောင်းဖြစ် နေသည့်အခါမျိုးတွင် အစားပျော့ပျော့၊ မိခင်နို့နှင့်အရည်များကိုမကြာခဏ တိုက်ကျွေးသင့်ပြီး အစာကိုပိုကျွေး သင့်ကြောင်း သိရသည်။

  မြန်မာနိုင်ငံ၏ အာဟာရအခြေ အနေသည် လူမှုရေးအညွှန်းကိန်း များကို လေ့လာဆန်းစစ်မှုအရ မွေး ကင်းစကိုယ်အလေးချိန် မပြည့်မှု သည် ၈ဒသမ၆ရာခိုင်နှုန်းရှိနေသည့် အပြင် အသက်ငါးနှစ်အောက် ကလေး၂၈ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် လျော့နည်းပြီး ၇ဒသမ၇ရာခိုင်နှုန်း သည် အာဟာရချို့တဲ့ကာ ၂၈ဒသမ ၆ရာခိုင်နှုန်းသည် ပုညက်မှုရှိနေ ကြောင်း သြဂုတ် ၁၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်   ဖော်ပြ ချက်အရ သိရသည်။

KTM
Dermocracytoday

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...