အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံ ထိုင်ကျုံးမြို့မှာ Face of Beauty International 2014 ကို စတင်ကျင်းပတော့မှာပါ။
ဒီပြိုင်ပွဲဟာ
သက်ကြီးရွယ်အိုတွေကို ပြုစု စောင့်ရှောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။
နိုင်ငံပေါင်း ၇၀ ကျော်ကို ကိုယ်စားပြုမယ့် အလှမယ်တွေထဲမှာ မြန်မာပြည်က
အလှမယ် Helen Myo Ko လည်း ပါဝင်ပါတယ်။
ဒီပြိုင်ပွဲမှာ
မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ပထမဆုံးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာပါ။
အသက် ၂၅ နှစ်ရှိပြီး မန္တလေးသူ အလှမယ် ဟယ်လင်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့က
ပြိုင်ပွဲကျင်းပမယ့် ထိုင်ဝမ်နိုင်ငံကို ထွက်ခွာသွားပါပြီ။
Face of Beauty International 2014 Final ပြိုင်ပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပမှာပါ။
ေ လောလောလတ်လတ်အနေနဲ့က Missosology အလှစာမျက်နှာမှာတော့ သူမနဲ့ ပတ်သက်တဲ့ အကြောင်း အရာတချို့ကို မိတ်ဆက်ပေးထားရုံပဲ ရှိပါသေးတယ်။ အရင်နိုင်ငံတကာ ပြိုင်ပွဲတွေကို သွားပြိုင်
ခဲ့ဖူးတဲ့ မြန်မာမယ်တွေလို အခုချိန်ထိတော့ ဘယ်ဝက်ဆိုဒ်၊ ဖေ့ဘုတ်စာမျက်နှာမှာမှ ဘယ်လို
vote ပေးလို့ရပါပြီ ဆိုတာ ကြေငြာထားတာ မတွေ့ရသေးပါဘူး။
ဒီ အစဉ်အလာကလည်း နိုင်ငံတကာ သွားပြိုင်တဲ့ မြန်မာအလှမယ်တွေရဲ့ ထုံးစံလိုဖြစ်နေတော့ ပရိတ် သတ်များလည်း မကြာမီလာတော့မည် ဆိုတော့ အခုထဲက လက်သွေးထားကြပါလို့..။
သူမရဲ့ အလှပုံလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
သဲသဲ...
ဧရာဝတီ






Photo - Helen Myo Ko
0 comments:
Post a Comment