Friday, October 17, 2014

IS အဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်မှုသည် ရေရှည်တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း အိုဘားမား သတိပေး ပြောကြား





IS အစ္စလာမ်မစ် စစ်သွေးကြွများ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အချိန်ကာလ တစ်ခုအထိ ကြန့်ကြာနိုင်ပြီး ရေရှည်တိုက်ပွဲ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်ဟု
အမေရိကန် သမ္မတ ဘားရက်အိုဘားမားက သတိပေး ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ အိုဘားမားသည် အမေရိကန် ပြည်ထောင်စု မေရီလင်းပြည်နယ် အန်ဒရူး ပူးတွဲ အခြေစိုက်စခန်းရှိ စစ်ဘက် ဆိုင်ရာ ခေါင်းဆောင်များနှင့် ယခု သီတင်းပတ် အစောပိုင်းက တွေ့ဆုံ ဆွေးနွေးပြီးနောက် အဆိုပါ သတိပေး စကားကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

IS စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်မှု ကွန်ရက်သည် စစ်ရေးအရ ဖြစ်ရိုးဖြစ်စဉ် စိန်ခေါ်မှုတစ်ရပ် မဟုတ်ဘဲ နိုင်ငံရေး သဘောတရား ဆန်သည့် တိုက်ခိုက်မှု ဖြစ်သည်ဟု အိုဘားမားက ဝန်ခံပြောကြားခဲ့သည်။

အဆိုပါ စစ်သွေးကြွများကို ထိုးစစ်ဆင်သည့် တိုက်ခိုက်မှုများတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံပေါင်း ၆ဝ ပါဝင်ပြီး ၎င်းနိုင်ငံများသည် မိမိတို့၏ ရည်မှန်းချက်ကို ရောက်ရှိအောင် စည်းလုံး ညီညွတ်စွာ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အိုဘားမားက မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

IS စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်နေစဉ် နိုင်ငံတကာမှ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ သမ္မတရုံးမှ အဆင့်မြင့် အရာရှိများ၊ ပင်တဂွန် စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိများက ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။



မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...