
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီး ငါးပွဲဖြစ်သော Miss Earth, Miss Grand International, Miss Supernational, Miss Intercontinental, Face of Beauty International ပြိုင်ပွဲကြီးများအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ငါးဦးရွေးချယ်မည့် Miss Golden Land Myanmar ပြိုင်ပွဲကြီး၏ ပြိုင်ပွဲဝင်အလှမယ် ၂၅ဦး ထဲမှ ခါးနံပါတ် ၁၅ ဟန်သီနှင့် တွေ့ဆုံခိုက် သူမ၏ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့် အနုပညာ လှုပ်ရှားမှုများကို မြ၀တီစာဖတ်ပရိသတ်များ သိရှိနိုင်စေရန် ဖော်ပြလိုက်ပါသည်။
အရင်ဆုံး ညီမရဲ့ အကြောင်းလေးတွေ မိတ်ဆက်ပေးပါဦး။
ညီမကတော့ Miss Golden Land Myanmar 2014 ပြိုင်ပွဲဝင် ခါးနံပါတ် ၁၅ ဟန်သီ ဖြစ်ပါတယ်။ အသက်ကတော့ ၁၇ နှစ်ပါ။ IGCSE စာမေးပွဲ ဖြေဆိုထားပါတယ်။ အနုပညာစလုပ်ဖြစ်ခဲ့တာကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ က ဖြစ်ပါတယ်။ ညီမက ရန်ကုန်ကပါပဲ။ဒီပြိုင်ပွဲကြီးက Miss ငါးဦး အရွေးခံရမယ်။ အရွေးခံရမဲ့ Miss ငါးဦးဟာ ပရဟိတလုပ်ငန်းတွေ အဓိက လုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာ ပြိုင်ပွဲဝင်ရမယ့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရမယ်။ ဒီအတွက် နိုင်ငံ့ဂုဏ် ဆောင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲရဲ့စည်းကမ်းတွေဖြစ်တဲ့ Body, Beauty, Brain ဆိုတဲ့ အချက်သုံးချက် ပြည့်စုံရမယ်။ ပြိုင်ပွဲမှာရွေးချယ်မယ့်အချက်တွေလည်း ပြည့်စုံအောင် အများကြီး ကြိုးစား ထားပါတယ်။ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။
ပြိုင်ပွဲဝင်ဖို့အတွက် ဘယ်လိုလေ့ကျင့်မှုတွေ ပြုလုပ်ဖြစ်လဲ။
ဒီပြိုင်ပွဲဝင်ဖို့အတွက်ပထမဆုံးကတော့ Body ပေါ့။ Gym ဆော့ဖြစ်တယ်။ Skin Care တွေ သေချာ လုပ်တယ်။ ယခုလတ်တလောဖြစ်ပေါ်နေတဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းတွေ ကိုလေ့လာဖြစ်ပါတယ်။ သတင်းတွေကြည့်တယ်။ သတင်းစာ၊ ဂျာနယ်တွေ ဖတ်တယ်။ ဗဟုသုတရစေမယ့် စာအုပ်တွေ များများဖတ်ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်တာတွေပေါ့နော်။ Miss တစ်ယောက်ဟာ ဘာ လိုအပ်ချက်တွေရှိတယ်။ ဘယ်လိုစိတ်နေထားနဲ့ ယှဉ်ပြိုင်ရမယ်။ Miss တစ်ယောက်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံး လေ့လာထားပါတယ်။ ဆရာတွေကလည်းသင်ပေးပါတယ်။ miss တစ်ယောက်ဟာ စင်ပေါ် ရောက်သွားတဲ့အခါ ဘယ်လိုလုပ်ရတယ်။ မိတ်ကပ်ဘယ်လိုလိမ်းရတယ်။ အဲဒါတွေကို You Tube ကနေ ကြည့်တယ်။ စာအုပ်တွေဖတ်ပြီး အားလုံးလေ့လာထားပါတယ်။ ညီမအနေနဲ့ အကောင်းဆုံးပြိုင်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
Miss တစ်ယောက်ဖြစ်လာတဲ့အခါ ထားရှိရမယ့်အချက်တွေကရော။
အဓိကကတော့ Miss တစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ်ချင်းစာစိတ်အမြဲထားရှိရမယ်။ ပြီးတော့ ကိုယ့်အတွက်တင်မတွေးဘဲ သူများတွေအတွက်ပါတွေးရမယ်၊ ပရဟိတစိတ်ရှိရမယ်၊ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ် ရှိရမယ်။
ညီမသာ နိုင်ငံကိုယ်စားပြု အလှမယ်ငါးဦးရွေးချယ်တဲ့ အထဲမှာပါခဲ့မယ်ဆိုရင် ဆက်လက်လုပ်ဆောင်မယ့် အလုပ်တွေကိုလည်းပြောပြပေးပါဦး။
ပြိုင်ပွဲမှာရွေးချယ်ရမယ့် Miss ငါးဦးထဲမှာ ပါခဲ့မယ်ဆိုရင် ပညာရေး၊ ကျမ်းမာရေးစတဲ့ လိုအပ်နေတဲ့ နေရာတွေမှာ ပါဝင်လုပ်ဆောင်မယ်။ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်၊ ကမ္ဘာ့အလယ်မှာ နိုင်ငံ ဂုဏ်ဆောင်မယ့် မြန်မာအမျိုသမီးတစ်ယောက် ဖြစ်အောင်လုပ်မယ်။ တတ်နိုင်တဲ့ဘက်က လိုအပ်တဲ့နေရာ တိုင်းမှာ ပါဝင်ကူညီလုပ်ဆောင်ချင်ပါတယ်။ Miss တစ်ယောက်ဟာ စံနမူနာပြဖြစ်တဲ့အတွက် ကိုယ်က ဦးဆောင်လုပ်သွားမယ်၊ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပတ်ဝန်းကျင် အကျိုးတွေကို သယ်ပိုးထမ်းဆောင်သွားမှာပါ။
ညီမက ပြိုင်ပွဲမဝင်မီကတည်းက အနုပညာအလုပ်တွေ လုပ်နေတာဆိုတော့ ညီမရဲ့ အနုပညာ အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။
ညီမအနေနဲ့ Tv ကြေငြာ ကိုးခုရှိပါပြီ။ မဂ္ဂဇင်း Cover ကတော့ဆယ်ခုကျော်သွားပါပြီ။ အဓိကကတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ Cover တွေအများဆုံးရိုက်ဖြစ်ပါတယ်။ နောက်ပိုင်းဆက်ရိုက်မယ့် ကြေငြာတွေ လည်း ရှိပါတယ်။
ဒီပြိုင်ပွဲပြီးသွားရင် အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာလား။
ဟုတ်ကဲ့။ ဆက်လုပ်သွားမှာပါ။ ကြော်ငြာတွေဆက်ရိုက်ဖြစ်မယ်။
ရုပ်ရှင်သရုပ်ဆောင်ပိုင်းကို ဆက် လုပ်မယ်လို့ ညီမစဉ်းစားထားပါတယ်။ ဒီအနုပညာအလုပ်ကို ဆုံးခန်းတိုင်အောင် သွားနိုင်သလောက်အထိ သွားမယ်။ ပြီးတော့ပညာရေးဘက်က ကျောင်းမပြီးသေးတဲ့အတွက် အနုပညာနဲ့ပတ်သက်တဲ့ လိုင်းတစ်ခုကို ယူပြီတော့ဘွဲ့တစ်ခုရအောင်ကြိုးစားပါမယ်။ အနုပညာအလုပ်တွေလည်း ကြိုးစားလုပ်ဆောင်သွားမှာပါ။
ညီမကိုအားပေးတဲ့ ပရိတ်သတ်အတွက် နောက်ဆုံးစကားလက်ဆောင်လေး ပြောပေးပါဦး။
ညီမရဲ့ Facebook ရှိပါတယ်။ Page လည်း ရှိပါတယ်။ Han Thi https://www.facebook.com/hanthi25 ပါ။ အဲဒီမှာ ညီမရဲ့ နေ့စဉ် လှုပ်ရှားမှု လေးတွေအမြဲတင်ပါတယ်။ ပရိတ်သတ်တွေ ကြည့်လို့ရပါတယ်။ အမြဲ Reply လုပ်ပေးပါတယ်။ Link လုပ်ပေး တယ်။ ညီမ ဒီပြိုင်ပွဲအတွက် စိတ်ရောကိုယ်ပါ အများကြီးကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲက ပရိတ်သတ်တွေရဲ့ အားပေးမှုအများကြီးလိုပါတယ်။ ပရိတ်သတ်ရဲ့အားပေးမှုက ညီမတို့ရဲ့ အောင်မြင်မှုပါပဲ။ ဒါကြောင့် ဆက်လက် အားပေးကြပါလို့ ပြောချင်ပါတယ်။ ပြိုင်ပွဲအတွက် Voting လည်း ပေးလို့ရပါတယ်။ Miss Golden Myanmar Fun Page ကနေ နံပါတ် ၁၅ Han Thi ကို
https://www.facebook.com/MissGoldenLandMyanmar/photos/a.590514451068987.1073741847.451527441634356/590518961068536/?type=1&relevant_count=1 မှာ Like ပေးလို့ရပါတယ်။ ညီမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မြဝတီ
0 comments:
Post a Comment