Thursday, October 16, 2014

မြန်မာနေရှင်နယ်ရုပ်သံလိုင်း (MNTV) ကို ရန်ကုန်မြို့နှင့် မိုင် ၃ဝ အတွင်း ဖမ်းယူကြည့်ရှုနိုင်ပြီ




မြန်မာ နေရှင်နယ်ရုပ်သံလိုင်း (MNTV) ကို ရန်ကုန်မြို့ မိုင် ၃ဝ ပတ်လည်အတွင်း Free to Air ထုတ်လွှင့်နေပြီဟု ရွှေသံလွင်ကုမ္ပဏီမှ သိရသည်။”စမ်းသပ်ကာလလည်း ပြီးသွားလို့ လွှင့်ပေးတာပါ။ ကဏ္ဍအစုံအလင်ပါဝင်ပါတယ်။ အထူးခြားဆုံးကတော့ MNTV မြန်မာပိုင်းသတင်းတွေကို တနင်္လာနေ့ ကနေ သောကြာနေ့အထိ ထုတ် လွှင့်ပေးပါတယ်” ဟု မြန်မာနေရှင်နယ်တီဗီရုပ်သံမှ တာဝန်ခံ ဦးရဲမင်းဦးက ပြောသည်။


အဆိုပါ ရုပ်သံလိုင်းကို ယခုလ ၃ ရက်နေ့မှစတင်လွှင့်နေခြင်းဖြစ်ပြီး ၂၄ နာရီကာလပတ်လုံး ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိ ထုတ်လွှင့် ပြ သပေးနေ သည့် ရုပ်သံလိုင်းများ၊ ရုပ်ရှင်၊ ဂီတ၊ Talk Show များ၊ သတင်းများနှင့် အားကစားအစီအစဉ်များ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

”နောက်ပိုင်း အင်ဖိုတိတ်မန့်ကဏ္ဍ တွေ၊ ဂိမ်းရှိုးတွေ၊ မြန်မာသံစဉ်သီချင်း ပြိုင်ပွဲတွေ ထပ်မံထုတ်လွှင့်သွားဖို့ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။အဆိုပါ ရုပ်သံလိုင်းကို MRTV ကဲ့သို့ ရိုးရိုးအင်တာနာတိုင်ဖြင့် ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပြီး MRTV ရုပ်သံလိုင်းကိုလည်း MNTV ကဲ့သို့ ဖမ်းယူ နိုင်မည်ဖြစ်ကြောင်း၊ Channel 39, 41 လိုင်း များတွင် ဖမ်းယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် MNTV ရုပ်သံလိုင်းအား အရည်အသွေးကောင်းမွန်စေရန် စက်ပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိနေကြောင်း၊ ပရိသတ် ကြိုက်နှစ် သက်စေမည့် ကဏ္ဍများ ထည့်သွင်းလွှင့်ပေးရန်ရှိကြောင်း သိရသည်။ မြန်မာနေရှင်နယ်တီဗီရုပ်သံလိုင်းကို ၂ဝ၁၂ သြဂုတ်တွင် စမ်းသပ်ကာလအဖြစ် ထုတ်လွှင့်ခဲ့ပြီး ယင်းနောက် မန္တလေး၊ နေပြည်တော်တို့တွင် ထုတ်လွှင့်ပေးခဲ့ကြောင်း၊ လတ်တလောအနေဖြင့် ရန်ကုန်မြို့နှင့် မိုင် ၃ဝ အတွင်းသာ ဖမ်းယူနိုင်ပြီး နောက်ပိုင်းတွင် ဖမ်းယူ ကြည့်ရှုနိုင်မည့် ဧရိယာများ တိုးချဲ့သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ လက်ရှိထုတ်လွှင့်နေသည့် ကဏ္ဍ များတွင် ဘောလုံးပရိသတ်များ ကြိုက် နှစ်သက်သည့် အင်္ဂလန် ပရီမီးယားလိဂ် ပွဲစဉ်များကိုလည်း ထုတ်လွှင့်ပေးနေ ကြောင်း သိရသည်။

Popular Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...