
ရန်ကုန်မြို့တွင် ယခင်က ညဘက်၌သာ လမ်းပြောင်းပြန်မောင်းသည့် ကားများရှိခဲ့သော်လည်း ယခုအခါ နေ့ခင်းဘက် တွင်ပင် လမ်းပြောင်းပြန်မောင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်လာမှုများမှာ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း တာဝန်ကျယာဉ်ထိန်းရဲများနှင့် ပြည်သူများက ဝေဖန် ပြောဆိုနေကြသည်။
ယာဉ်အစီးရေများပြားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ် ပွားသည့်အချိန်များတွင် အခြားယာဉ်ကြောဘက်မှတစ်ဆင့် လမ်းပြောင်းပြန် မောင်းနှင်မှုများသည် ရန်ကုန်မြို့အတွင်း နေရာအနှံ့အပြား၌ ရှိနေပြီး ကိုယ် ပိုင်ယာဉ်အများစုက ယာဉ်စည်းကမ်းချိုးဖောက်မှုပိုမိုများပြားပြီး ယခင်က ညဘက်မှသာ ယာဉ်စည်းကမ်းဖောက်ဖျက်မှု များပြားသော်လည်း ယခု အခါ နေ့ခင်းဘက်၌ပင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများဖြစ်ပွားလာနေ ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
''အရင်ကဆို လမ်းပြောင်းပြန် မောင်းတယ်ဆိုတာ ညဘက်တွေမှာ သာဖြစ်ပွားလေ့ရှိပေမယ့် အခုကတော့ အများပြည်သူလဲ မြင်တွေ့နေသလို ပါပဲ၊ နေ့ခင်းဘက်တွေမှာ ရန်ကုန် မြို့တွင်းနေရာအနှံ့အပြားမှာ ဖြစ်နေ ပါတယ်။ ကျွန်တော်တို့ ယာဉ်ထိန်းရဲ တွေလည်း တတ်စွမ်းသရွေ့ ယာဉ်စည်း ကမ်းဖောက်ဖျက်မှုတွေကို လိုက်အရေး ယူနေပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ် ပျက်နေတဲ့နေရာအားလုံးမှာ လိုက် ဆောင်ရွက်ပေးဖို့ အင်အားကနည်း နေသေးတယ်။ ပြည်သူတွေဘက်က ယာဉ်စည်းကမ်းလိုက်နာဖို့ လိုအပ် နေပါတယ်''ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။
အင်းလျားလမ်းမီးပွိုင့်မှ လှည်း တန်းမီးပွိုင့်သို့ မောင်းနှင်ရာတွင် ရန်ကုန်တက္ကသိုလ် အဝင်ပေါက်ဝ ရှေ့မှ လှည်းတန်းမီးပွိုင့်ထိပ်အထိ လမ်းပြောင်းပြန်တက်၍ ကျော်တက် မောင်းနှင်မှုများရှိနေပြီး တစ်ခါတစ်ရံ တွင် ရန်ကုန်တက္ကသိုလ်ဘက်ခြမ်းမှ တက္ကသိုလ်ဓမ္မာရုံဘက်ခြမ်းသို့ လမ်းကူး သူအချို့မှာ အသက်အန္တရာယ်စိုးရိမ် မှုများ ဖြစ်ခဲ့မှုများရှိနေကြသည်မှာ နေ့စဉ်ပင်ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းရှေ့မှတ်တိုင်မှ နေ့စဉ်လိုင်း ကားစီးသည့် ပြည်သူများ၏ ပြော ကြားချက်အရ သိရသည်။
''ဟိုတစ်ရက်မနက်ပိုင်း ကျွန်မ တို့က လှည်းတန်းခုံးတံတားအောက် ကလာပြီး ဓမ္မာရုံရှေ့က မှတ်တိုင်ကို သွားဖို့လမ်းအကူးမှာ ပြိုင်ကားလို ကားတစ်စီးက လမ်းပြောင်းပြန်က နေ အတင်းမောင်းလာတာ တိုက်မိ တော့မလို ဖြစ်သေးတယ်။ သူငယ် ချင်းတစ်ယောက်က နှလုံးအားနည်း တဲ့ရောဂါအခံရှိတော့ မူးတောင်သွား တယ်။ မတိုက်မိတာက ကျွန်မတို့ လမ်းမကူးလို့။ အဲဒီနားကနေတစ် နေကုန်ထိုင်ကြည့်နေ။ အချိန်တိုင်း လမ်းပြောင်းပြန်မောင်းတာ အမြဲတွေ့ ရနိုင်တယ်။ ယာဉ်ထိန်းရဲတွေလည်း နေ့စဉ်လိုစောင့်ဖမ်းတာ တွေ့နေရတာ ပဲ။ တစ်ခါတလေ ရှေ့ကယာဉ်ထိန်း ရဲဖမ်းနေတာရှိတာတောင် ကျော်တက် မောင်းလာပြီး ပြန်ကွေ့မောင်းပြေးတာ တွေရှိတယ်'' ဟု ရန်ကုန်တက္ကသိုလ် ကျောင်းရှေ့မှတ်တိုင်မှ ရန်ကင်းသို့ နေ့စဉ်လိုင်းကားစီးသည့် မအိမွန်ကျော် က ပြောသည်။
အလားတူ ဘုရင့်နောင်လမ်းမ ကြီးတွင်လည်း ကုန်တင်ကားကြီး များသွားလာမှုများပြီး ဆင်မလိုက် အဝေးပြေးမှ ရွာမကွေ့မှတ်တိုင် အတွင်းကားများမှာ အရှိန်ပြင်းစွာ မောင်းနှင်လေ့ရှိပြီး ယင်းလမ်းတွင် ကုန်တင်ကားကြီးများ သွားလာမှုများ ပြီး ယင်းနောက်မှ လိုက်ပါလာသည့် တက္ကစီယာဉ်များ ကျော်တက်မောင်း နှင်မှုမှာ နေ့စဉ်မရိုးနိုင်သည့် မြင်ကွင်း တစ်ခုဖြစ်ပြီး ကြောက်ရွံ့စွာလမ်းဖြတ် ကူးနေကြရသည်မှာ နေ့စဉ်ဖြစ်ကြောင်း ရေကြောင်းကောလိပ်မှ ကျောင်းသား တစ်ဦးက ပြောသည်။
''ကျောင်းက ဆရာတစ်ဦးဆို ညပိုင်းလမ်းဖြတ်ကူးရင်း ကားတိုက် ခံရပြီးဆုံးဖူးတယ်။ အခုက နေ့ခင်း ဘက်တွေပါ ကားတွေကလမ်းပြောင်း ပြန်မောင်းနေကြပြီ။ နေ့စဉ်ကျောင်း တက်ဖို့သွားရင် လမ်းဖြတ်ကူးတာ စောင့်နေရင်းကို ဘယ်ကားက တိုက် သွားမှာလဲဆိုပြီး ကြောက်နေရတယ်။ တစ်ခါတလေ ကွန်တိန်နာကားကြီး တွေ လမ်းပြောင်းပြန်မောင်းတက် လာပြီဆို ပိုတောင်ကြောက်ရတယ်''ဟု ရေကြောင်းကောလိပ်မှ ကျောင်းသား တစ်ဦးက ပြောသည်။
''တာမွေအဝိုင်းထိပ်ကနေ ရန် ကင်းစင်တာဘက်ကို မောင်းလာတဲ့ ဘီအမ်တွေ ရန်ကင်းစင်တာမီးပွိုင့် စိမ်းတာကို မီအောင်ဖြတ်ချင်လို့ အတင်းမောင်းတက်တာ နေ့ရော၊ ည ရော ဖြစ်နေတာ။ ဒီလမ်းမှာက လမ်းကူး တဲ့သူတွေက နေ့စဉ်ရှိတယ်။ တစ်ခါ တလေ သူတို့က လမ်းပြောင်းပြန် လဲမောင်းလာသေးတယ်။ သေချင်လို့ လမ်းကူးနေတာလားဆိုပြီး အော် ငေါက်သွားတာတောင် ရှိတယ်''ဟု ရန်ကင်းစင်တာအနီးတွင် ကွမ်းယာ ရောင်းသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့အတွင်း မော်တော် ယာဉ်အစီးရေ တိုးတက်လာခြင်းနှင့် အတူ ယာဉ်ကြောပိတ်ဆို့မှုများမှာ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီး ယင်းကိုစောင့်ဆိုင်းရာတွင် မိမိသွားလို သည့်ခရီးကိုရောက်ရှိလိုသည့် အလျင် လိုစိတ်များကြောင့် စည်းကမ်းမဲ့ လမ်း ပြောင်းပြန်မောင်းနှင်မှုများ ဖြစ်ပွား နေရခြင်းဖြစ်ကြောင်း လှည်းတန်းမီး ပွိုင့်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။
ယာဉ်ပိတ်ဆို့မှု အများဆုံးဖြစ် နေသည့် ကုက္ကိုင်းမီးပွိုင့်တွင်တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲ တစ်ဦးက'' ကားမောင်းတဲ့သူတွေက စည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်း နှင်တာတွေကတော့ တက္ကသိုလ်ရိပ် သာလမ်း အစအဆုံးလမ်းလျှောက် ကြည့်ရင်မနက်၊ နေ့လယ်၊ ညနေ အချိန်တိုင်း တွေ့ရတယ်။ ကားဝယ် စီးနိုင်တဲ့သူတွေက အခုဆို ရန်ကုန် မြို့မှာ တော်တော်လေးများပြားလာ တဲ့အတွက် ကားလမ်းတွေပိတ်တာ တွေ တော်တော်များလာတယ်။ စည် ပင်အနေနဲ့လည်းကား လမ်းတွေ၊ ဘေး ပလက်ဖောင်းတွေကို တိုးချဲ့ပေးပေ မယ့်လမ်းတိုးချဲ့တဲ့နေရာတွေ၊ ပလက် ဖောင်းနေရာတွေမှာက လမ်းဘေး ဈေးသည်တွေဈေးရောင်းချမှုတွေ များပြားလာတဲ့အတွက် လမ်းပိတ် ဆို့မှုတွေက ဆက်ဖြစ်နေဦးမှာပဲ''ဟု ပြောသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင်း နေရာများတွင် မော်တော်ယာဉ်များ လမ်းပြောင်းပြန်မောင်းနှင်မှုအများဆုံး ဖြစ်နေသော နေရာများမှာကုက္ကိုင်း မီးပွိုင့်၊ လှည်းတန်း၊ မြေနီကုန်း၊ မြောက် ဥက္ကလာ(၆)ကွေ့၊ စံပြဈေး၊ ရန်ကင်း စင်တာဈေးကွေ့၊ ဘုရင့်နောင်လမ်းမ ကြီးတစ်လျှောက်၊ ဒေါပုံသင်္ဘော ကျင်း၊ သုဝဏ္ဏလမ်းဆုံအပါအဝင် နှစ်လမ်းသွားလမ်းမကြီးများနှင့် ရန် ကုန်မြို့ရှိ ကားလမ်းကျပ်သည့်နေရာ အများတွင် ဖြစ်ပွားနေခြင်းဖြစ် သည်။
ရန်ကုန်မြို့အတွင်း ယာဉ်ကြော ပိတ်ဆို့မှုများနှင့် စည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်းနှင်မှုများကို ဖြေရှင်း ရန်မှာ ယာဉ်ထိန်းရဲ အရေအတွက် ယခုထက်ပိုမိုများပြားရန် လိုအပ်ပြီး လမ်းမကြီးများတွင် စီစီတီဗွီများ တပ်ဆင်ခြင်းများ ဆောင်ရွက်ပြီး စည်းကမ်းမဲ့ယာဉ်များကို အချိန်နှင့် တစ်ပြေးညီ လိုက်လံဖမ်းဆီး အရေး ယူခြင်းများပြုလုပ်သင့်ပြီး လမ်းအသုံး ပြုသူ ပြည်သူအများစုမှာလည်း စည်းကမ်းလိုက်နာမှု အားနည်းနေ ခြင်းမှာလည်း ပြည်သူများဘက်မှ ပြင်ဆင်ရမည့် အချက်တစ်ခုဖြစ် ကြောင်း မြို့ပြအင်ဂျင်နီယာ တစ်ဦး ဖြစ်သည့် ဦးကျော်စိုးလွင်က သုံးသပ် သည်။
Democracytoday
0 comments:
Post a Comment