Thursday, October 16, 2014

ဖားကန့်ဒေသ ကျောက်မျက်လုပ်ငန်း လုံခြုံရေးအတွက် တပ်မတော်၏ထိုးစစ် ဆင်မှုများတိုးမြှင့်နေဟု ကေအိုင်အိုဆို





ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်မျက်တူးဖော်မှုလုပ်ငန်းများ ၏ လုံခြုံရေးနှင့်ကာကွယ်ရေးလုပ်ငန်း များအတွက် တပ်မတော်မှထိုးစစ်ဆင် မှုများတိုးမြှင့်လာကြောင်း KIO တပ် မဟာ(၆)မှ အနောက်ပိုင်းခရိုင်မှူးက ပြောသည်။

KIO တပ်မဟာ(၆)မှအနောက် ပိုင်းခရိုင်မှူးက ''ကာကွယ်ရေးအတွက် လှုပ်ရှားတဲ့သဘောတွေပါတယ်။ အခု ကျောက်မျက်ကုမ္ပဏီတွေ ဝင်လာပြီး ခွင့်ပြုပြီးနောက်ပိုင်းမှ ကုမ္ပဏီတွေရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးအတွက် အခု လိုတင်းမာမှုတွေများလာတာပါ''ဟု ရန်ကုန်တိုင်းမ်သို့ ပြောသည်။

အောက်တိုဘာ ၁၃ရက်က ဖား ကန့်ဒေသ ကေအိုင်အေတပ်ရင်း(၆) တပ်စခန်း အား ရုပ်သိမ်းဆုတ်ခွာပေး ရန် ဖားကန့်အခြေစိုက်တပ်မ (၆၆)စခန်း မှူးက သတိပေးအကြောင်းကြားပြီး နောက်ပိုင်း ဒေသခံများကြား စစ်ဘေး ဒဏ်ကိုစိုးရိမ်မှုများကြောင့် ဖားကန့်မြို့ ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ထွက် ပြေးတိမ်းရှောင်မှုများရှိခဲ့ကြောင်း သိ ရသည်။

ဖားကန့်ဒေသတွင် ၂ဝ၁၄ခုနှစ် စက်တင်ဘာမှစတင်ကာ ကျောက်မျက် တူးဖော်ရန် ခွင့်ပြုပြီးနောက် လက်နက် ကိုင်နှစ်ဖွဲ့ကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ စစ်ရေးတင်း မာမှု ပိုမိုပြင်းထန်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

ဖားကန့်ဒေသရှိ KIO တပ်မ ဟာ(၆)အား နယ်မြေအတွင်းမှရုပ်သိမ်း ပေးရန် တပ်မတော်မှအကြောင်းကြား မှုရှိပြီး မိမိတို့အနေဖြင့် ဆုတ်ခွာသွား ရန်မရှိ ကြောင်းနှင့် ဒေသခံပြည်သူလူ ထု စစ်ဘေးဒဏ်မခံစားစေရန်အတွက် ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆောင်ရွက် နေပြီး လက်ရှိအချိန်တွင် နယ်မြေဒေသ အတွင်း တည်ငြိမ်နေသေးကြောင်း အ နောက်ပိုင်းခရိုင်မှူးက ပြောသည်။

ရဲလင်းထက် ၊ ဖားကန့်၊
Yangon Times Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...