၂၀၁၄ ခုနှစ်တောက်လျောက်လုံး ငြိမ်းချမ်းရေဆွေနွေးပွဲတွေ ပြုလုပ်ခဲ့ကြရာမှ တချို့ 
လက်နက်ကိုင်တပ်ဖွဲ့ တွေဟာ ဥပဒေ ချိုးဖောက်ပြီး တပ်မတော်ကို ပစ်ခတ်တိုက်ခတ်နေကြတာတွေ
တဖြည်းဖြည်းပိုများလာပါတယ်။
အစိုးရနဲ့ တပ်မတော် သဘောထားကွဲလွဲမူတွေ ရှိနေတယ်လို့ ပြောခဲ့တဲ့
ခွန်ဥက္ကာ တို့ ရဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
အဖွဲ့ မှာကို KNU က တမျိုး NCCT ခေါင်းဆောင် နိုင်ဟံသာ တဖုံ အမျိုးမျိုး သဘော
ထားတင်မာမူတွေအပြည့်နဲ့ ဖြစ်နေကြတယ်။
ခွန်ဥက္ကာတို့ က ရှေ့ ကကြီးကြီးကျယ်ကျယ်တွေ ပြော အစည်းအဝေးခန်းမှာ ထထွက်တဲ့သူက
ထွက် ဆွေနွေးပွဲတွေက မပြေမလည် ပြန်ထွက်လာတဲ့ အသံတွေက " PNLO အဖွဲ့ များ မှတ်
နေလား မသိဖူး ဒီလူက သူများသာ ငြိမ်းချမ်းရေး လုပ်လုပ်ပြောနေတာ သူကျလက်နက်
က ကိုင်ထားချင်ရဲ့ သူ တကယ်ငြိမ်းချမ်းရေး ယူချင်ရင် PNO အဖွဲ့ ၁၉၉၁ ထဲက ပါသွား
တာကြာပြီ ပေါ့ " သူတို့ တွေရဲ့ မကြားတကြား ဒီစကားတွေ သိရတော့ အော်ငြိမ်းချမ်းရေး
အတွက် ရင်လေးစရာ ဘဲလို့  စဉ်စားမိတယ်။
ရင်မလေး နဲ့ ဦး ဗျ ကျန်သေးတယ် " ဒီ လူတွေ က ခုမှ ထိပ်ဝိုင်းတွေ မှာ ထိုင်
ရှန်ပိန်လေးတွေ သောက်နဲ့  သစ္စာသိရမယ် မေတ္တာ ရှိရမယ် လုပ်နေတာ နိုင်ဟံသာကလည်း
အပြောအဆို ကြမ်းတမ်း ခွန်ဥက္ကာကလည်း ထိုင်းနယ်စပ်မှာ နောက်မိန်းမနဲ့ နေ
သူ့ လူတွေကျ သူပစ်ထားခဲ့တာတွေက မမေးဘဲ ပြန်ပြန်ပေါ်လာတယ်ဗျာ ။
ကဲ သူတို့ ကို မထောက်ခံဘဲ လိုင်ဇာ ဆွေနွေးပွဲတွေဆို ' ၀ ' လည်း မလာ
မိုင်းလားလည်း ပြောက်နဲ့  SSA ကလည်း မရောက်လာ ခြောက်ကပ်ကပ်ပေါ့ဗျာ မီဒီယာတွေက ခေါင်းစီးတွေမှာ တင်ရေးနေလို့ သာ အကောင်ကြီးတွေလို့ ထင်နေကြ
ရတာဗျ " လို့ ဆွေနွေးပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောဆိုခဲ့ပါတယ် ။
တကယ်သာ စေတနာ အမှန်နဲ့  ငြိမ်းချမ်းရေးကိုဆောင်ရွက်ရင်း ၂၀၁၄ နှစ်မကုန်ခင်
နှစ်၆၀ ကျော်တိုင်အောင် ပြည်သူအားလုံး မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးအိပ်မက်တွေ
အကောင်အထည် ပေါ်လာမှာပါ ခုတော့ တိုက်ပွဲတွေပြန်ဖြစ် အတွင်းမှာ တကျိပ်ကျိပ် နဲ့ 
ခွန်ဥက္ကာတို့ တွေ တကယ်ရောငြိမ်းချမ်းရေး ယူခြင်ကြရဲ့ လား သူတို့ ချစ်တာ မြန်မာနိုင်ငံတိုင်းရင်းသားတွေမှ
ဟုတ်ရဲ့လားလို့  မေးခွန်းထုတ်နေမိတော့ပါတယ် ။
ဟံသာဝတီ
0 comments:
Post a Comment