ကက်ပီတယ်ဝမ်းဖလား တတိယအဆင့်
(*)လီဗာပူး ၁-၁ မစ်ဒယ်ဘရော့ (သာမန်ပွဲချိန်)
..........အချိန်ပိုသွင်းဂိုး (၂-၂) ............
..........ပင်နယ်တီအဆုံးအဖြတ် ၁၄-၁၃.......
အာဆင်နယ် ၁-၂ ဆောက်သမ်တန်(*)
ကာဒစ်ဖ် ၀-၃ ဘုန်းမောက်(*)
(*)ဒါဘီ ၂-၀ ရက်ဒင်း
လေတန် ၀-၁ ရှက်ဖီးယူနိုက်တက်(*)
(*) MK ဒွန်းစ် ၂-၀ ဘရက်ဖို့ဒ်
(*)ရှရူးဘယ်ရီ ၁-၀ နောဝစ်ခ်ျ
ဆန်းဒါးလန်း ၁-၂ စတုတ်စီးတီး(*)
(*)ဆွမ်ဆီး ၃-၀ အဲဗာတန်
(*)ဖူလ်ဟမ် ၂-၁ ဒွန်ကက်စတာ
(*)ပြထားသော အသင်းများ နောက်ဆုံးအဆင့်တက်ရောက်နိုင်ခဲ့။
လာလီဂါ ပွဲစဉ်(၅)
ရီးရဲလ် ၅-၁ အယ်လ်ချီ
ဆယ်တာဗီဂို ၁-၀ ဒီပို့တီဗို(ပထမပိုင်း)
စီးရီးအေပွဲစဉ်(၄)
အမ်ပိုလီ ၂-၂ အေစီမီလန်
ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၅)
ဘိုင်ယန်မြူးနစ် ၄-၀ ပါဒါဘွန်
ဖရန့်ဖတ် ၂-၂ မိန့်ဇ်
ဟော့ဖန်ဟိမ်း ၃-၃ ဖရိုင်းဘတ်
ဝါဒါဘရီမင် ၀-၃ ရှော်လ်ကေး
လီဂူး-၁ ပွဲစဉ်(၇)
ရမ်း ၀-၅ လိုင်ယွန်
ရန်းနက်စ် ၀-၃ တူးလော့စ်
..................................................................................................
အာဆင်နယ်ရဲ့ ကက်ပီတယ်ဝမ်းမျှော်လင့်ချက် တစ်ခန်းရပ်ပြီ
အာဆင်နယ် ၁-၂ ဆောက်သမ်တန်
ဆန်းချက်ဇ်ရဲ့ လှပတဲ့ကန်ချက်နဲ့ အဖွင့်ဂိုး ရခဲ့ပေမယ့် ပထမပိုင်း ပွဲချိန်မှာ နှစ်ဂိုးပြန်ပေးခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့လို့ အာဆင်နယ်အသင်း ကက်ပီတယ်ဝမ်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ အာဆင်နယ်ဟာ ဆန်းချက်ဇ်၊ ပိုဒေါစကီး၊ ရိုဆစ်စကီး၊ ၀ီလ်ရှီးယား၊ ချန်ဘာစ်တို့ကို အရန် ကစားသမား(၆)ဦးနဲ့ တွဲဖက်ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန်(၉)မိနစ်မှာ ဒေးဗစ်က အနိမ့်ကန်ချက်နဲ့ အာဆင်နယ်ကို ဂိုးပေါက်ခြိမ်းခြောက်မှု စတင်ပြုလုပ်ခဲ့ပြီး နောက်(၂)မိနစ်အကြာမှာတော့ ပြစ်ဒဏ်ဘောကနေ ပိုဒေါစကီး ပေးပို့တာကို ဆန်းချက်ဇ် ပြင်းထန်တဲ့ ကန်ချက်နဲ့ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ (၁၉)မိနစ်မှာ မာနီကို ရိုဆစ်စကီး ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ အာဆင်နယ် ပင်နယ်တီ ပေးခဲ့ရပြီး တာဒစ်က ဆောက်သမ်တန်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။
အာဆင်နယ် ခံစစ်ကစားသမားတွေ အတွေ့အကြုံ အားနည်းတာကို အခွင့်ကောင်းယူပြီး ဆောက်သမ်တန်က တောင်ပံတွေကနေ တိုက်စစ်ဆင်ခဲ့ပြီး ဆိုင်နီ၊ တာဂတ်တို့ရဲ့ တိုက်စစ်လိုက်ပါမှုကြောင့် အာဆင်နယ် အခက်တွေ့ခဲ့ရပါတယ်။ မိနစ်(၄၀)မှာ တာဒစ်ရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ဆိုင်နီက ကိုက်(၃၀)အကွာ ကန်ချက်နဲ့ ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၆၆မိနစ်မှာ ဒီယာဘီအစား ကာဇိုလာကို ထည့်သွင်းခဲ့ပြီး ကာဇိုလာရဲ့ ဖန်တီးမှုကို ဆန်းချက်ဇ် (၆)ကိုက်ကနေ ကန်သွင်းပေမယ့် ဖော်စတာ ကာကွယ်သွားနိုင်ခဲ့လို့ အာဆင်နယ် နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် မိနစ် ၇၀မှာ ကမ်းဘဲလ်နေရာကို ချိန်ဘာလိန်တို့ လူစားဝင် ကစားခဲ့ပေမယ့် ချေပဂိုးရဖို့ အခွင့်အရေး ထပ်ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။
......................................................................................................................
ဘာနေဗျူးကွင်းပေါ်က ကြယ်တွေတောင် ရော်နယ်ဒိုလောက် မလင်းလက်ခဲ့ဘူး
ရီးရဲလ် ၅-၁ အယ်လ်ချီ
ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီကနေ ဂိုးပေးခဲ့ရတဲ့ ရီးရဲလ်ဟာ ရော်နယ်ဒိုရဲ့ စူပါဟက်ထရစ်နဲ့အတူ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ (၄-၄-၂) ကစားကွက်နဲ့ ပွဲထွက်လာတဲ့ ရီးရဲလ်ဟာ ရော်နယ်ဒို၊ ဘေးလ် တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး ကွင်းလယ်ဗဟိုမှာတော့ အီလာရာမန်ဒီ၊ တိုနီခရူးစ်တို့ကို တွဲဖက် ကစားစေခဲ့ပါတယ်။ ရီးရဲလ် ကွင်းလယ်ဗဟိုမှာ အီလာရာမန်ဒီ တိကျတဲ့ ဘောလုံးပေးပို့မှု လုပ်နိုင်ခဲ့တာကြောင့်လည်း ရီးရဲလ် ကစားကွက် ပိုကောင်းခဲ့တာပါ။
ပွဲချိန်(၁၅)မိနစ်မှာ ရော်နယ်ဒို ဘောလုံးဖျက်ထုတ်တာ ခြေထောက်မြှောက်ခဲ့တယ်ဆိုပြီး ရီးရဲလ် ပင်နယ်တီ ပေးခဲ့ရပါတယ်။ ဒါဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုလို့ ဆိုနိုင်ပါတယ်။ အဲဒီပင်နယ်တီကို အယ်လ်ဘာကာ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ အယ်လ်ချီ ဂိုးစရခဲ့တာပါ။
ဂိုးပေးလိုက်ရတဲ့နောက် မြန်နှုန်းမြင့် ကစားကွက်နဲ့ ချေပဂိုးပြန်ရဖို့ ရီးရဲလ် ကြိုးစားခဲ့သလို အယ်လ်ချီကလည်း ခံစစ်မှာ စုပြုံပိတ်ဆို့မနေဘဲ မာမာထန်ထန် တုန့်ပြန်သွားခဲ့ပါတယ်။ ပွဲချိန်မိနစ် (၂၀)မှာတော့ ရိုဒရီဂွက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဘေးလ် ခေါင်းတိုက်သွင်းခဲ့လို့ ရီးရဲလ် ချေပဂိုးပြန်ရခဲ့ပြီး နောက်(၇)မိနစ်အကြာမှာလည်း မာဆယ်လိုကို မော့စ်ကွီရာ နောက်က ကန်တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပါတယ်။ အနှေးပြကွက်တွေအရ ဒီဆုံးဖြတ်ချက်ကလည်း မှားယွင်းခဲ့ပြန်ပါတယ်။
ပင်နယ်တီကတစ်ဆင့် ရော်နယ်ဒိုက ဒုတိယဂိုး သွင်းခဲ့ပြီး ပွဲချိန်(၃၂)မိနစ်မှာ မာဆယ်လိုရဲ့ ဖြတ်တင်ဘော ကနေ တတိယဂိုး ထပ်သွင်းခဲ့လို့ ပထမပိုင်းမှာ (၃-၁)ဂိုးဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ အယ်လ်ချီ ဂိုးပေါက်ကို ရီးရဲလ် (၁၀)ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပြီး (၇)ကြိမ် ဂိုးပေါက်တည့်ခဲ့တာ တွေ့ရပါတယ်။
ဒုတိယပိုင်းမှာ ရီးရဲလ် ကစားအား ချခဲ့ပေမယ့် မိနစ်(၈၀)မှာ ရော်နယ်ဒို ဒုတိယမြောက် ပင်နယ်တီကနေ ဟက်ထရစ်ဂိုး၊ နာကျင်အချိန်ပိုမှာ ဘေးလ်ရဲ့ ဖန်တီးမှုကနေ စူပါဟက်ထရစ် ဖြစ်စေမယ့်ဂိုးတွေ သွင်းခဲ့တာပါ။
ရော်နယ်ဒို၏မှတ်တမ်းများ
ရော်နယ်ဒိုသည် လိဂ်ပွဲစဉ်(၁၃)ပွဲဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံး ရီးရဲလ် ကစားသမားအဖြစ် စံချိန်တင်။
အိမ်ကွင်းပွဲစဉ်(၁၃)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် မက်ဆီ၏ စံချိန်ကို အမှီလိုက်နိုင်ခဲ့။
လာလီဂါတွင် ရော်နယ်ဒို (၂၁)ကြိမ်မြောက် ဟက်ထရစ်ရရှိခဲ့ခြင်းဖြစ်ပြီး လာလီဂါပြိုင်ပွဲ သမိုင်းတွင် ဟက်ထရစ်အများဆုံး သွင်းထားသည့်စံချိန်ကို အမှီလိုက်ရန် ဟက်ထရစ် တစ်ကြိမ်သာ လိုအပ်နေ။
Nz(ရိုးရာလေး)
0 comments:
Post a Comment