
အာရှယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲရောက် မြန်မာယူ- ၁၉ ဘောလုံးအသင်းတွင် ဂိုးသမားမျိုးမင်းလတ်အပါအ၀င် အဓိက ကစားသမား လေးဦးဒဏ် ရာရရှိထားကြောင်း
သတင်းရရှိ သည်။
‘‘မြန်မာအသင်းမှာ မျိုးမင်း လတ်၊ မျိုးကိုထွန်း၊ အောင်သူနဲ့ နန်းဝေမင်းတို့ လေးဦးဒဏ်ရာရရှိ
ထားပါတယ်။ နန်းဝေမင်းကတော့ လာမယ့် ကာတာနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ဖို့ များပေမယ့် ကျန်ကစားသ မားသုံးဦးအခြေအနေကိုတော့ စောင့်ကြည့်နေပါတယ်’’ဟုအောက်တိုဘာ ၁၉ ရက်က တော်ဝင်ဂါး ဒင်းဟိုတယ်၌ ကျင်းပခဲ့သည့် အ ကြိုဗိုလ်လုပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲ၌ မြန်မာယူ-၁၉ အ သင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် က ပြောသည်။
မြန်မာအသင်းနောက်တန်း ကစားသမား နန်းဝေမင်းမှာ အီရန် အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် တွင် ယခင်ပေါင်ခြံဒဏ်ရာကို ထပ်မံထိခိုက်မိခဲ့သည့်အတွက် ယူအေအီးအသင်းနှင့် ကွာတားအဆင့်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။
ဂိုးသမား မျိုးမင်းလတ်၊ ကွင်းလယ်ကစားသမား မျိုးကိုထွန်းနှင့် ရှေ့တန်းကစားသမား အောင်သူ တို့ သုံးဦးမှာ ယူအေအီးအသင်း နှင့် ကွာတားအဆင့်ပွဲစဉ်တွင် ထိ ခိုက်မှုများရှိခဲ့၍ ကြံ့ခိုင်မှုရာနှုန်းပြည့်မရရှိသေးကြောင်း သတင်းရရှိသည်။
‘‘နန်းဝေမင်းကလွဲပြီး ကျန် ကစားသမား သုံးဦးကတော့ ကာ တာနဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ ပါဝင် နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်’’ဟု မစ္စတာဂတ်က ဆိုသည်။
ကွာတားအဆင့် တရုတ်အ သင်းနှင့် ပွဲတွင် တိုက်ရိုက်အနီ ကတ်ဖြင့် အထုတ်ခံခဲ့ရသည့် ကာ တာအသင်းမှ အဓိကကွင်းလယ် ကစားသမား Assim Madebo မှာ မြန်မာနှင့်ယှဉ်ပြိုင်မည့် အကြိုဗိုလ်လုပွဲတွင် ပါဝင်မည်မဟုတ် ကြောင်းနှင့် အသင်းတွင် ဒဏ်ရာ ရကစားသမား အနည်းငယ်ရှိ ကြောင်း ကာတာယူ-၁၉ အသင်း နည်းပြချုပ် Felix Sanchez က ပြောသည်။
အိမ်ရှင် မြန်မာနှင့် ကာတာ အသင်းတို့ ယှဉ်ပြိုင်မည့် အာရှယူ -၁၉ ပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ် ကို အောက်တိုဘာ ၂၀ ရက် ည၇ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။
October 20, 2014
7Day
0 comments:
Post a Comment