Sunday, October 26, 2014

ထိုင်းအလုပ်ရှင်လင်မယားအသတ်ခံရမှုဖြင့် မြန်မာအလုပ်သမားနှစ်ဦးဖမ်းဆီးခံရ



ထိုင်းနိုင်ငံတွင် အလုပ် ရှင်လင်မယားကိုသတ်သည့် မြန် မာအလုပ်သမားနှစ်ဦးကိုဖမ်းဆီး လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ရက်တွင် သ တင်းထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ရာ့ခ်ျပူရီခရိုင်အ တွင်းရှိ ဖိုးထားရမ်းမြို့တွင်နေထိုင် သည့်အလုပ်ရှင်လင်မယားကိုမြန် မာအလုပ်သမားလေးဦးကသတ် ခဲ့သောကြောင့် နှစ်ဦးကိုဖမ်းဆီး ထားပြီး ၎င်းတို့ကလည်း ငွေလို၍ သတ်သည်ဟု ၀န်ခံကြောင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးလိုက်သော မြန်မာ အလုပ်သမားနှစ်ဦးနှင့်ပတ် သက်၍ ဖိုးထားရမ်းမြို့ရဲစခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး၎င်းတို့ကလည်းတရားမျှတမှုရှိရန်စောင့်ကြည့်နေကြောင်း
 မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ကိုကျော်စိုးမင်းကပြောသည်။

‘‘သူတို့(ထိုင်းရဲ)က မြန်မာ လေးယောက်ကို သံသယရှိတယ် ဆိုပြီး ပြောတယ်။ နှစ်ယောက်ကို တော့ ဖမ်းလိုက်ပြီပေါ့။ ကျန်တဲ့ နှစ်ယောက်ကိုလည်း တရားခံပြေး စာရင်းထဲထည့်ထားတယ်။အခု အချိန်ကတော့ ဘာမှပြောလို့မရ သေးပါဘူး’’ဟု ကိုကျော်စိုးမင်းက ပြောသည်။

ထိုင်းရဲက ဖမ်းလိုက်သည့် မြန်မာနှစ်ဦးမှာအသက်(၁၆)နှစ် နှင့် (၂၆)နှစ်အရွယ်ရှိပြီး ၎င်းတို့ က အလုပ်ရှင်လင်မယားကို သတ် ကာ ထိုင်းဘတ်ငွေတစ်သိန်းခွဲနှင့် ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးပါ ယူခဲ့ကြောင်း သိရသည်။

  သေဆုံးသွားသည့်အလုပ် ရှင်အမျိုးသားမှာ ထိုင်းလူမျိုး ဖြစ်ပြီး အမျိုးသမီးမှာ မြန်မာလူ မျိုးဖြစ်ကာ ဘဲမွေးမြူရေးလုပ်ငန်း ရှင်များဖြစ်သည်။အောက်တိုဘာ ၁၉ရက်ညက ဖိုးထားရမ်းမြို့ရှိ ၎င်းတို့၏အိမ်တွင် အသတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...