Saturday, October 18, 2014

အကြွေးမဆပ်နိုင်သော ထိုင်း အမျိုးသမီးတစ်ဦးက သူမကိုယ်သူမ မီးရှို့






အကြွေးမဆပ်နိုင်သော ထိုင်း အမျိုးသမီးတစ်ဦးက သူမကိုယ်သူမ မီးရှို့ခဲ့ကြောင်း သိရသည်။

ထို ဖြစ်ရပ်သည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရအဆောက်အအုံတစ်ခု၌ ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကစံချိန်တင် မြင့်တက်လာသော ထိုင်းနိုင်ငံရှိအိမ် ထောင်စုများ၏ အကြွေးပမာဏကို မီးမောင်းထိုးပြနေသည်။

လော့ဘူရီခရိုင် အလယ်ပိုင်း တွင် နေထိုင်သော အသက် ၅၂ နှစ် အရွယ် ဆန်ဗန်ရက်ခ်ဆာပက်ဟု ခေါ်သော အမျိုးသမီးသည် အမေ ရိကန်ဒေါ်လာ ၄၆ဝဝဝ အကြွေး မပေးနိုင်သောကြောင့် ဘန်ကောက် မြို့ရှိ အစိုးရမကျေနပ်ချက်များ ဖွင့်ဟ မှုစင်တာတွင် သူမကိုယ်သူမမီးရှို့ခဲ့ ခြင်းဖြစ်သည်။

သူမကထိုသို့ ကိုယ့် ကိုယ်ကို မီးရှို့ခဲ့ခြင်းကြောင့် အရာရှိ များက ရုတ်တရက်အံ့အားသင့်ခဲ့ရ ပြီး သူမခန္ဓာကိုယ်မှ မီးများကိုငြှိမ်း သတ်ကာ သူမကိုဆေးရုံသို့ အလျင် အမြန် ပို့ဆောင်ခဲ့ရသည်ဟု သိရ သည်။

''အစိုးရအရာရှိတွေက သူမ ခန္ဓာကိုယ်မှမီးကို ငြှိမ်းသတ်ခဲ့ရပါ တယ်။ သူမဟာ များပြားတဲ့အကြွေး ပမာဏကြောင့် ဖိအားများအောက် ရောက်ရှိနေသူပါဟု ဘန်ကောက်မြို့ ၏ ရဲအရာရှိကပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်အဖြစ်သာမက ထိုင်းနိုင် ငံ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေသည့် မစ္စတာပရာဝစ် ဝေါင်ဆူဝေါင်ကလည်း ထိုဖြစ်ရပ်ကို အတည်ပြုပေးခဲ့ကာ ဆန်ဗန်သည် သူမ၏ အကြွေးပြဿနာကို ဖြေရှင်း ရန် အစိုးရစင်တာသို့ မကြာခဏ လာကြောင်းနှင့် သူမပေးချေရမည့် အကြွေးစုစုပေါင်း ပမာဏမှာ စင်ကာ ပူဒေါ်လာ ၅၈၈ဝဝ နှင့်ညီမျှသည့် ထိုင်းဘတ်ငွေ ၁ ဒသမ ၅ သန်း နီးပါးရှိကြောင်းလည်း ပြောသည်။


ဘန်ကောက်၊ အောက်တိုဘာ ၁၆
Ref:AFP
Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...