Sunday, October 19, 2014

ဘန်ဂါဇီမြို့ရှိ စစ်သွေးကြွများကို အီဂျစ်လေကြောင်းမှ စတင်တိုက်ခိုက်



လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ရှိ စစ်သွေးကြွများ၏ အခြေခံ တပ်စခန်းများကို အီဂျစ် တိုက်လေယာဉ်များက လေကြောင်းမှ စတင် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုက်ခိုက်ခြင်းသည် လစ်ဗျားနိုင်ငံအတွက်သာမက ၎င်းနိုင်ငံအတွက်လည်း ဖြစ်ကြောင်း အီဂျစ် အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အီဂျစ်နိုင်ငံသည် လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကို တိုက်ဖျက် ရာတွင် ဝင်ရောက် ကူညီပေးသည့် အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ နိုင်ငံများ အနက် ပထမဆုံး နိုင်ငံဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ လေကြောင်းမှ တိုက်ခိုက်မှုများသည် လစ်ဗျား အစိုးရအဖွဲ့၏ တောင်းဆိုမှုကို တုံ့ပြန်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် စစ်သွေးကြွများလက်မှ ဘန်ဂါဇီမြို့ကို ပြန်လည်သိမ်းယူရန်
 ကြိုးပမ်းရာ၌ လစ်ဗျား မြေပြင် တပ်ဖွဲ့ဝင်များကိုလည်း ဖြန့်ချသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ အတွင်းရှိ စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အချိန်ကာလ အားဖြင့် သုံးလမှ ခြောက်လအထိ ကြာမြင့်နိုင်ဖွယ် ရှိသည်ဟု သိရသည်။ အီဂျစ် သမ္မတ အဗ္ဗဒယ်လ် ဖာတာအယ်စီစီသည် လစ်ဗျား ဝန်ကြီးချုပ် အဗ္ဗဒူလာအယ်လ်- သင်းနီနှင့် တွေ့ဆုံခဲ့ပြီးနောက် လစ်ဗျား အစိုးရ အဖွဲ့၏ အချုပ်အခြာ အာဏာ တည်မြဲရေးကို ကူညီပေးသွားရန် တရားဝင် ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...