Monday, October 20, 2014

တပ်နှစ်တပ်ကြား ပိတ်မိနေသောဒေသခံများအား အေးချမ်းစွာ ဆက်လက်နေထိုင်ကြရန်မြန်မာ့တပ်မတော်မှကူညီ




ဖားကန့် ဒေသ ကေအိုင်အေနှင့် အစိုးရစစ်တပ် ကြား ပိတ်မိနေသည့်ရွာသုံးရွာမှ ဒေသ ခံများအနေဖြင့် မိမိတို့ဒေသမှ ပြောင်း ရွှေ့စရာမလိုဘဲ အေးချမ်းစွာ နေထိုင်ကြ ရန် မြန်မာ့တပ်မတော်မှ ဖားကန့်အခြေ စိုက် စစ်ဗျူဟာမှူးက အောက်တိုဘာ ၁၇ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိ ရသည်။

နှစ်ဖက်တင်းမာမှုများကြောင့် ပိတ်မိနေသည့် အောင်ဘာလေကျေးရွာ ရှိ ဒေသခံများထံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဘာသာရေးအဖွဲ့အစည်း များ သွားရောက်အကူအညီပေးစဉ် ယခု ကဲ့သို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ပြောခြင်းဖြစ်ကြောင်း သိရသည်။

ကေအိုင်အေ အနောက်ပိုင်း တပ်မှူးတန်ဆိုင်းက ''ပြည်သူလူထုကို တော့ ကတိပေးသွားပေမယ့် တပ်ပိုင်း ဆိုင်ရာတော့ မပါ ပါဘူး။ စစ်ကြောင်း တွေ တိုးချထားတာတော့ ရှိသေးတယ်။ စစ်ကြောင်းတွေဝင်လာရင်တော့ တိုက် ပွဲက ဖြစ်မှာပဲ။ ခုလိုအခြေအနေကတော့ တည်ငြိမ်လာတယ်လို့ ပြောလို့ရပါတယ်'' ဟု ပြောသည်။

တပ်မတော်မှ ဖားကန့်ဒေသ ရှိ ကေအိုင်အေတပ်ရင်း(၆) တပ်စခန်း အား အောက်တိုဘာ ၁၃ ရက်က ရုပ်သိမ်း ဆုတ်ခွာပေးရန် သတိပေးအကြောင်းကြား ပြီးနောက်ပိုင်း အဆိုပါတပ်စခန်းအနီးရှိ အောင်ဘာလေ၊ ကံဆီခေါ၊ ဆိုင်းငိုင်ရွာ သုံးရွာမှ ဒေသခံများအနေဖြင့် လက်နက် ကိုင်အဖွဲ့နှစ်ဖွဲ့ကြားတွင် ပိတ်မိကာ စိုး ရိမ်ပူပန်မှုများ ရှိခဲ့သည်။

ဖားကန့်ဒေသတွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာမှစတင်ကာ ကျောက်မျက် တူးဖော်ရန် ခွင့်ပြုပြီးနောက် လက်နက် ကိုင် နှစ်ဖွဲ့ကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ စစ်ရေးတင်းမာ မှု ပိုမိုပြင်းထန်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။ ၂ဝ၁၁ ခုနှစ်တွင် ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မတော်ကြား တိုက်ပွဲ များဖြစ်ခဲ့သည့် အတွက် ကျောက်မျက်တူး ဖော်မှုလုပ်ငန်းများ ရပ်နားထားခဲ့ရသည်။

ဒေသခံများအကြား စစ်ဘေး ဒဏ်ကို စိုးရိမ်မှုများကြောင့် ဖားကန့်မြို့ ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ထွက် ပြေး တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါဒေ သရှိ ကျောင်းများပါ ပိတ်ထားရသည်။

စစ်ဗျူဟာမှူး၏ ကတိပြုပြောကြားမှုကြောင့် လာမည့်တနလာင်္နေ့တွင် ကလေးငယ် များ စာမေးပွဲဖြေဆိုရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။



ဖားကန့်၊ အောက်တိုဘာ ၁၈
ရဲလင်းထက်၊
Flower News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...