Sunday, October 19, 2014

Pact နှင့် Ooredoo မြန်မာတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ အလယ်ပိုင်းကျေးရွာပေါင်း ၁၄၃ရွာတွင် ကျန်းမာရေးဝန်ဆောင်မှုပေးမည်




Pact နှင့် Ooredoo မြန်မာတို့ ပူးပေါင်း ၍မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ ရှိကျေးရွာပေါင်း ၁၄၃ရွာတွင် ရွေ့ လျားဆေးပေးခန်းများဖြင့် ကျန်းမာ ရေးဝန်ဆောင်မှုများကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝန်ဆောင်မှုပေးနိုင် ရန် Pact မြန်မာနှင့် Ooredoo မြန်မာတို့သည် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ရွေ့လျားဆေးပေးခန်း နှစ်ခုဖြင့် ကျေးရွာပေါင်း ၁၄၃ရွာရှိ လူပေါင်း၇၅ဝဝဝကျော်ကို အခြေခံ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံချက်ကို ယခုလာ မည့် ဒီဇင်ဘာမှစတင်ကာ ဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်နှစ်တာအတွက် ဘဏ္ဍာငွေကို ထောက်ပံ့ပေးသော စီမံ ကိန်းသဘောတူညီချက်ဖြစ်သော်လည်း ရေရှည်အကျိုးအတွက် ငါးနှစ်တာ လက်တွဲဆောင်ရွက်သွားရန် ရည်ရွယ် ထားကြောင်းလည်း သိရသည်။

''Ooredoo မြန်မာကိုယ်စားပြော ကြားလိုတာကတော့ ဒီရွေ့လျားဆေး ပေးခန်းတွေကို အကောင်အထည်ဖော် ဖို့ Pact နဲ့ Leo Messi ကို ကျေးဇူး တင်တာပါ။ လူသားအရင်းအမြစ်တွေ ပိုမိုကြီးပွားတိုးတက်စေရေးနဲ့ လူနေ မှုဘဝတွေ မြင့်မားစေရေးဆိုတဲ့ ကျွန် တော်တို့ရဲ့ ရည်မှန်းချက်နဲ့လည်း အဖွဲ့ အစည်းနှစ်ခုစလုံးက တစ်သားတည်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ ကလေးသူငယ်လေးတွေ ရဲ့ ကျန်းမာရေးတွေ ပိုမိုကောင်းမွန် လာအောင် ဖန်တီးဖို့ ကျွန်တော်တို့ မှာ အခွင့်အလမ်းတွေ အများကြီး ရှိတယ်လို့လဲ ယုံကြည်ပါတယ်''ဟု Ooredoo မြန်မာ အမှုဆောင်အရာ ရှိချုပ် Ross cormack က အဆိုပါ သဘောတူလက်မှတ် ရေးထိုးပွဲအခမ်း အနားတွင် ပြောသည်။

Ooredoo ၏ ရွေ့လျားကျန်းမာ ရေးဆေးပေးခန်းစီမံကိန်းများကို ၂ဝ၁၃ ခုနှစ်တွင် ဘောလုံးသမားအကျော် အမော် Leo Messi Foundation နှင့် အတူလက်တွဲကာ စတင်ခဲ့ပြီး အရှေ့ အလယ်ပိုင်းဒေသ၊ မြောက်အာဖရိက နှင့် အရှေ့တောင်အာရှဒေသများတွင် ရင်သွေးငယ်ပေါင်း နှစ်သန်းကို ၂ဝ၁၆ ခုနှစ်အထိ အထူးကျန်းမာရေးဝန်ဆောင် မှုများကို ပေးနိုင်ရန် ရည်ရွယ်ထား ကြောင်း၊Leo Messi foundation မှာ ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ် များကို သာတူညီမျှအခွင့်အလမ်းများ ရရှိပြီး အိပ်မက်များကို အကောင် အထည်ဖော်နိုင်ရန် ရည်ရွယ်ပြီး Leo Messi နှင့် ၄င်း၏မိသားစုတို့ တည်ထောင်ထားသော ဖောင်ဒေးရှင်း ဖြစ်ပြီး နာမကျန်းသော ကလေးသူ ငယ်များနှင့် ဆယ်ကျော်သက်အရွယ် ကလေးများအတွက် ၂ဝဝ၇ခုနှစ်မှ စတင်ပြီး မနားမနေ စီမံကိန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

Pact အဖွဲ့အစည်းသည် လက်ရှိ တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ကယားပြည်နယ်တို့ရှိ မြို့နယ် ပေါင်း၃ဝနှင့် ကျေးရွာပေါင်း ၂၉၂၃ ရွာတို့တွင် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ဆောင် လျက်ရှိကြောင်း၊ ယင်းအပြင် ကိုကာ ကိုလာ၊ ရှဗရွန်၊ USAID တို့နှင့် လက်တွဲကာ ဒေသတွင်း အုပ်ချုပ် ရေးလုပ်ငန်းများ ခိုင်မာစေရေး၊ ရေ ပေးရေးနှင့် ရေဆိုးနုတ်စနစ်များ ဖြစ် တည်ကောင်းမွန်စေရေး၊ စီးပွားရေး လုပ်ငန်းများ အောင်မြင်စေရန် အ ထောက်အကူပေးရေး၊ ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုလွယ်ကူ စွာရရှိစေရေး စသည်များကို မြန်မာ နိုင်ငံတစ်ဝန်းရှိ ၁၅၄၂၁၁ဝ လူ ပေါင်းလူဦးရေပမာဏကို ဝန်ဆောင် မှုများပေးလျက်ရှိကြောင်း၊ ကမ္ဘာ့အနှံ့ နိုင်ငံပေါင်း ၂၉နိုင်ငံတွင်လည်း ပိုမို ခိုင်မာသော စီးပွားရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

''လာမည့်နှစ်မှာ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ တနင်္သာရီ မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်မှာ Global Fund ရဲ့ ထောက်ပံ့မှုနဲ့ရွေ့ လျား ဆေးပေးခန်းဖွင့်ဖို့ စီစဉ်နေပါ တယ်။ ရွေ့လျားဆေးကုခန်းတွေကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့လဲ ဖွင့်လှစ်ပေးနေတာတွေ ရှိပါတယ်။ အထူးသဖြင့် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အဓိကထား ဆောင်ရွက်ပြီး မိခင်သေနှုန်းနဲ့ မွေး ကင်းစကလေးသေနှုန်း ကျဆင်းရေးကို အထောက်အပံ့ဖြစ်ဖို့ ဆောင်ရွက်ပါ တယ်''ဟု အထွေထွေရောဂါကုဆရာ ဝန်များအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ခိုင်စိုးဝင်းက ပြောသည်။

ထို့ပြင် အဆိုပါအစီအစဉ်အရ မြန်မာနိုင်ငံအတွင်းရှိ အစာအာဟာ ရ အပြည့်အဝမရရှိသော အသက် ငါးနှစ်အောက် ရင်သွေးငယ်ပေါင်း ၇ဝဝကျော်ကိုလည်း အသက်ကယ် ကျန်းမာရေးဝန်ဆောင်မှုများ ပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း ကိုဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာ ရေးဦးစီးဌာန၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို မြန် ဆန်စွာရရှိစေရေးအတွက် ကျန်းမာ ရေးဆိုင်ရာ သတင်းအချက်အလက် များကို စီမံခန့်ခွဲနိုင်သော စနစ်ကိုပါ မိုဘိုင်းဆက်သွယ်ရေး နည်းပညာဖြင့် အထောက်အကူပြုသွားမည် ဖြစ် ကြောင်း သိရသည်။

NOL
ရန်ကုန်၊ အောက်တိုဘာ ၁၆
‪‎Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...