Tuesday, October 7, 2014

ဖားကန့်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော် အောက်တိုဘာ ၆

မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မလန်းရွာ အထွက် ဆိုင်းတောင်-လုံးခင်းသွား လမ်းမပေါ်တွင် အောက်တိုဘာ ၁ ရက်က လုံးခင်းကျေးရွာဘက်မှ ဆိုင်ကယ်စီးလာသူ ခါးလီအား ရှာဖွေ ရာ ဆိုင်ကယ်ရှေ့ဖုံးအတွင်း ပလတ် စတစ်ဖြင့်ထုပ်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၄ဝဝ နှင့် အဝတ်ဘိန်း ၁၃၅ ဂရမ် သိမ်းဆည်းရမိခဲ့သည်။စစ်ဆေးဖော်ထုတ်ချက်အရ လုံး ခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာ နေ မာတူး(ခ)တူးအောင်၏ နေအိမ် အားရှာဖွေရာ ၄င်းအား မတွေ့ရဘဲ ဆန်ခမ်းနှင့်ဟောင်းဇောင်းတို့ နှစ်ဦး သာ တွေ့ရှိရပြီး မီးဖိုချောင်တွင် ရပ် ထားသည့် ဆိုင်ကယ်ထိုင်ခုံ ကူရှင် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇ဝဝဝ ထပ်မံသိမ်းဆည်းရမိသဖြင့် ခါးလီ(၂၈)နှစ်၊ ဆန်ခမ်း (၁၉)နှစ်၊ ဟောင်းဇောင်း (၂၂)နှစ်နှင့် မာတူး(ခ)တူးအောင်(ဖမ်းမမိသေး) (၂၆)နှစ်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...