Tuesday, October 7, 2014

အာရှအားကစားပြိုင်ပွဲ အောင်ပွဲရပိုက်ကျော်ခြင်းအသင်းအား ကြိုဆို


ရန်ကုန် အောက်တိုဘာ ၆

ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင်စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပခဲ့သော (၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အားကစားနည်းဖြင့် ရွှေ တံဆိပ်နှစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုဖြင့် အောင်မြင်မှု ရရှိခဲ့သော မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် ဦးဆောင်၍ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း နှင့်အတူ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ပြန်ကြားရေး အဖွဲ့၊ ဆေးအဖွဲ့တို့သည် ယမန်နေ့ည ၁ဝ နာရီခွဲက ကိုရီးယား လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ GN Sport Myanmar rS Managing Director နှင့် ဝန်ထမ်း မိသားစုများ၊ 100 Plus အချိုရည်မှ ဝန်ထမ်းများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပန်းစည်းများကမ်း၍ လည်းကောင်း၊
ဆိုင်းဘုတ်များကိုကိုင်ဆောင်၍ လည်းကောင်း၊ 100 Plus အချိုရည်များတိုက်ကျွေး၍လည်းကောင်း ကြိုဆိုခဲ့ကြပြီး အောင်ပွဲရပိုက်ကျော်ခြင်းအသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး 100 Plus အချိုရည်မှ တာဝန်ရှိသူများက အောင်ပွဲရပိုက်ကျော်ခြင်းအသင်းအား တစ်နှစ်စာအချိုရည်များကို ပံ့ပိုး ကူညီပေးမည်ဖြစ်ရာ ရွှေတံဆိပ်ဆုရှင် အားကစားသမားများက လက်ခံရယူသည်။

အဆိုပါ ASIAN Games အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံဝင်ရောက်ယှဉ်ပြိုင်ကာ မြန်မာနိုင်ငံမှ အားကစားနည်း ၁ဝ မျိုးဖြင့်ယှဉ်ပြိုင်ပြီး ပိုက်ကျော်ခြင်းအားကစားနည်းတစ်မျိုးတည်းက ရွှေတံဆိပ်နှစ်ခု၊ ငွေ တံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခုဖြင့် နိုင်ငံအလိုက် အဆင့်(၂ဝ)ရရှိခဲ့သည်။

(အား။ကာ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...