Ghost in the Shell ဇာတ်ကားတွင် သရုပ်ဆောင်ရန် စကားလက်ဂျိုဟန်ဆန် ပါဝင် နိုင်ဖွယ်ရှိ
အမေရိကန်မင်းသမီး၊ မော်ဒယ်လ်နှင့် အဆိုတော် စကားလက် ဂျိုဟန်ဆန်သည် Dream World စတူဒီယိုမှ ရိုက်ကူးမည့် Ghost in the Shellဇာတ်ကားတွင် ပါဝင်
သရုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း သိရသည်။
Ghost in the Shell ဇာတ်ကားအား Snow White and the Huntsman ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ရူးပတ်ဆန်ဒါက ရိုက်ကူးသွားမည် ဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာ ဘေလ်ဝီလာက ဇာတ်ညွှန်း ရေးဖွဲ့ပေးသွား မည်ဖြစ်သည်။
စကားလက်ဂျိုဟန်ဆန်သည် Black Widow ဇာတ်ကားဖြင့် အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် အနုပညာကြေး အဖြစ် အမေရိကန်ဒေါ်လာ ၁ဝ သန်း တောင်းဆိုလေ့ရှိပြီး Dream Work စတူဒီယိုကလည်း အဆိုပါ အနုပညာကြေးဖြင့်ပင် Ghost in the Shell ဇာတ်ကား၌ သူမ ပါဝင်သရုပ် ဆောင်ရန် ကမ်းလှမ်း ထားသည်ဟု သိရသည်။
ဟောလီးဝုဒ် မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ကို Esquire မဂ္ဂဇင်းက ၂ဝဝ၆ နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး အဖြစ် ရွေးချယ်ခဲ့သည်။ ထို့အတူ ၂ဝဝ၇ ခုနှစ်တွင်လည်း Playboy မဂ္ဂဇင်းဖတ်ရှုသူ ပရိသတ်များက သူမကို ဆွဲဆောင်မှု အရှိဆုံး အနုပညာရှင် အဖြစ် ရွေးချယ် ခဲ့ကြောင်း သိရသည်။ ။
ယွန်းစံအိမ်စုစည်းသည်
မြဝတီ
0 comments:
Post a Comment