Monday, October 20, 2014

ကမ္ဘာလျှပ်စစ်ထုတ်လုပ်ရေး နဲ့ ကျောက်မီးသွေး စက်ရုံ (၁)







ကျောက်မီးသွေး နဲ့ လျှပ်စစ်လိုအပ်ချက်

လွန်ခဲ့တဲ့ ရက်ပိုင်း အနည်းငယ်က မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်ေ၇းအတွက် Hydro Power generation (ရေအားလျှပ်စစ်ထုတ်လုပ်ရေး) နှင့် ရပ်နေလို့ မပြီးဆုံသေးပဲ တိုးတက်လာသော လူဦးရေ နှင့် တိုးတက်ရန်ရှိသော နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ကို ထုတ်လုပ်ရရှိရန် ကျောက်မီးသွေး တာဘိုင် စက်ရုံများ တည်ဆောက်ကာ ရယူရမည်ဖြစ်သည် လို့ ရေးသားခဲ့တဲ့ အတွက် ကြောင့် တချို့သော သူများက သဘောတူချင်မှ တူပါမယ်။ ဒါပေမဲ့ လက်ရှိ Electricity Generation ရာခိုင်နှုန်းအများဆုံး လုပ်ကိုင်လျက်ရှိသော ရေအားလျှပ်စစ်ပြီးလျင် ဈေးအသက်သာဆုံးဟု ယူဆရန်ရှိတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံက မရှိမဖြစ် လိုအပ်နေတာပါပဲ။



ဒီနေရာမှာ တချို့တွေက အထူးသဖြင့် သဘာဝ ပတ်ဝန်ကျင်း ထိမ်းသိန်းရေးကို အားပေးသူတွေ၊ အစိုးရ လုပ်လျင် ဘာပဲ ဖြစ်ဖြစ် ကန့်ကွက်မဲ့သူတွေကတော့ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံက မကောင်းဘုး ကင်ဆာ ဖြစ်စေတယ်။ အက်ဆစ်မိုးရွာစေတယ် ဆိုပြီး အကြောင်းမျိုးစူံ ကန့်ကွက်မှာပါပဲ။ ကျွန်ာတ်ေကတော့ ကျောက်မီးသွေး စက်ရုံပြူလုပ်လို့ သဘာဝ ပတ်ဝန်းကျင် မပျက်စီးဘူး လို့ မငြင်းဆိုလိုပါ။ ဒါပေမဲ့ ကမ္ဘာ လျ့်စစ်ထုတ်လုပ်ရေးမှာ မရှိမဖြစ် လက်ရှိ အများဆုံးထုတ်လုပ်နေတာ ကျောက်မီးသွေးစက်ရုံတွေပဲ ဖြစ်ပြီး နောက်တဆင့် ကောင်းမွန်တယ်လို့ ယူဆရတဲ့ နှုကလိယ ဓါတ်အားပေးစက်ရုံတွေ မတည်ဆောက်နိုင်သရွေ့ မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတဲ့ လျှပ်စစ် ဓါတ်အားရရှိဖို့ ကျောက်မီးသွေး စက်ရုံကို မဖြစ်မနေ အဓိက ထားပြီး ရယူရမှာ ဖြစ်ပါတယ်။။

ဒီနေရာမှာ လက်ရှိ သုံးစွဲနေတဲ့ ကမ္ဘာ အင်အားကြီးနိုင်ငံတွေရဲ့ လက်၇ှိသုံးစွဲနေတဲ့ ကျောက်မီးသွေးစက်ရုံတွေနဲ့ သူတို့ရဲ့ နောက်ထပ် နှစ်များမှာ လျှပ်စစ်ဓါတ်အားကို ဘယ်လို ရယူသလဲဆွေးနွေးပါမယ်။

ကျောက်မီးသွေးကနေ လျှပ်စစ်ဓါတ်အားထုတ်ဖောက်မှု

ကျောက်မီးသွေးကနေ လျှပ်စစ်ဓါတ်အားထုတ်ဖော််မယ်ဆိုရင် ကျောက်မီးသွေးကို အမှုန့်ဖြစ်အောင် ပြုလုပ်ပြီး အပူချိန် ၁၁၀၀ စင်တီဂရိတ် ထိအောင် အပူပေးလိုက်ရင် ကျောက်မီးသွေးက ထွက်လာတဲ့ အပူချိန်နဲ့ ရေကို ရေငွေ ဖြစ်အောင် ပြုလုပ်ပါတယ်။ အဲဒီရေငွေ့က တာဘိုင်ရဲ့ ပန်ကာတွေကို လည်စေပြီး လျှပ်စစ်ဓါတ်အား ထုတ်ပါတယ်။ ဒီနေရာမှာ ရေကို အပူပေးလိုက်တဲ့ အခါမှာ ရေငွေတွေက လည်ပါတယ်။ အဲဒီအခါမှာ ရေကိုေ၇ငွေဖြစ်အောင် လုပ်ဖို့ ရေလိုပါတယ်။ ပထမတကြီမ်းကတော့ ရေပမာဏ များများလိုပြီး ရေငွေ့ဖြစ်သွားရင် တာဘိုင်ကို လည်စေပါတယ်။ တာဘိုင်ကို လည်စေပြီးတဲ့နောက် အဲဒီရေငွေကို Cooling Tower ကနေ တဆင် ရေပြန်ဖြစ်အောင်ပြုလုပ် အဲဒီကနေ ရေငွေ ဖြစ်အောင်ပြန်လုပ် ရေ သံသရာကို ပြန်လည်အောင် ပြုလုပ်ရပါတယ်။ လွန်ခုဲုတဲ့ ရက်ပိုင်မှာ ဂျာနယ် သတင်းစာ ဆောင်းပါးတစ်ခုမှာ ရေးထားတာက မသိနားမလည်တဲ့ စာဖတ်သူတွေကို ရေတွေအများကြီးလိုအပ်သယောင် ထင်ယောင်ထင်မှား ပြူလုပ်ရေးထားတာ တွေ့ရပါတယ်း တကယ်တော့ ရေကို သံသရာလည် လို့ ဆုံးရှုံသွားတာဟာ တစ်မီဂါဝပ်မှာ ရေဂါလံ ၁၀၀-၂၀၀ ဂါလံ့လောက်သာ ရှိပါတယ်။



တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ကျောက်မီးသွေး စက်ရုံတည်ထောင်လို့ မြေအောက်ရေလွှာတွေ ခမ်းခြောက်တာ လို့ တခုတည်းကို အပြစ်ပုံချလို့ မရပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်မြို့နဲ့ မြို့ကြီးတွေမှာ ရေရရှိအောင်ဆိုပြီး အဝီစီတွင်း ခေါ် စက်တွင်း တွေကို မြေအောက် ပေ ၁၀၀- ၂၀၀ အထိ တူးနေကြတာပါ။ အဲဒီ စက်တွင်း အဝီစီတွင်းတွေကမှ မြေအောက် ရေလွှာကို အကြီးအကျယ် ခမ်းခြောက် ပျက်စီးစေနိုင်ပါတယ်။ ဗဟုသုတ အနေနဲ့ ကျောက်မီးသွေး တာဘိုင် တစ်ခုရဲ့ အခြေခံ ထုတ်လုပ်မှုကို အောက်ပါ ပုံအတိုင်းလေ့လာနိုင်ပါတယ်။


ဒီနေရာမှာပြောလိုတာက ကျောက်မီးသွေး ဓါတ်အားလျှပိစစိထုတ်လုပ်မှ ရေလိုအပ်တာ မဟုတ်ပါဘူး။ နှုကလိယ ဓါတ်အားပဲ ထုတ်ထုတ်၊ သဘာဝ ဓါတ်ငွေကပဲ ထုတ်ထုတ် ရေလိုအပ်ပါတယ်။ ကျောက်မီးသွေးက ထုတ်လုပ်ရင် ပုံမှန်ဖြည့်ပေးရန် လိုအပ်တဲ့ ရေပမာဏက တမီဂါဝတ်ကို ၄၈၀ ဂါလံ လိုအပ်ပြီး၊ သဘာဝ ဓါတ်ငွေ စက်ရုံက ၃၀၀ ဂါလံ လိုအပ်ပါတယ်။ နှူကလိယ ဓါတ်အားပေးစက်ရုံကတော့ ၆၀၀ ဂါလံခန့်လိုအပ်ပါတယ်။ ဒါပေမဲ့ မီဒါယာကြီးမှာပါတဲ့ ဆွေးနွေးခန်းမှာ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံကပဲ ရေပိုအပ်သလို ဆွေးနွေးသွားတာ တွှေုရပါတယ်.။ ပြည်သူတွေကို သတင်းအချက်အလက် ပေးချင်ရင် ကိုယ်လိုရာကိုပဲ မရေးပ/ဲ တခြားနေရာတွေကပါ လိုအပ်ချက်တွေကို ရေးပြီးနှိုင်းယှဉ်သင့်ပါတယ်။ ကျွန်တော် အခုလို ရေးပြတာတွေက အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။

{ http://www.ucsusa.org/clean_energy/our-energy-choices/energy-and-water-use/water-energy-electricity-cooling-power-plant.html#.VDk9n7CUe9F }

နောက်ထပ် ပြောပြလိုတဲ့ အချက်အလက်ကတော့ ကျောက်မီးသွေး စက်ရုံ တည်ထောင်ရင် ကမ္ဘာပေါ်မှာ အက်ဆစ်မိုးတွေ ရွာသွန်းပြီး ကင်ဆာ ရောဂါတွေ ဖြစ်နိုင်တယ်တဲ့။ တကယ်တမ်း အဲဒီ ရောဂါတွေဟာ ကျောက်မီးသွေး ကြောင့် ဖြစ်တယ်လို့ တိတိကျကျ သုတေသန လုပ်ထားတာလားဆိုတာ မရေမရာ ဥပမာ ပြောရရင် ဗြိတိန်နိုင်ငံက သုတေသန ဌာနတချို့က ကြက်သွန်နီ စားလျင် နှလုံးရောဂါ ဖြစ်ပွားရန် ရာခိုင်နှုန်း နည်းသည်ဟု လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဆိုခဲ့သည် နောက်ထပ် ၁၀နှစ်လောက်ကျပြန်တော့ မဟုတ်တောပြန် ဆက်စပ်မှု မရှိဟု ဆိုပြန်သည်။ တကယ်တမ်း ကင်ဆာတို့ နှလုံးတို့ အဆုတ်ကင်ဆာတို့ဆိုတာ   ကျောက်မီးသွေးကြောင့်   ဖြစ်ရ သည်ထက်      လေထုညစ်ညမ်းလို့ ဖြစ်ရသည်လို့ ဆိုရင် လက်ခံနိုင်သေးသည်။ ကမ္ဘာ့လေထု ညစ်ညမ်းအောင် ကျောက်မီးသွေး စက်ရုံတစ်ခုတည်းမှ   ပြုလုပ်သည်မဟုတ်   နှစ်စဉ်နှစ်တိုင်း   မော်တော်ကားမှ ထွက်ရှိသော မီးခိုးများ အင်ဒိုနီးရှားနိုင်ငံမှ ကောက်ပဲသီးနှံစိုက်ရန် ရှီု့လိုက်သော မီးခိုးများ တခြား ဒီဇယ် တာဘိုင်များ စသဖြင့် လေထုညစ်ညမ်းအောင် လုပ်နေသည့် အကြောင်းအချင်းအရာများ မရေတွက်နိုင်ပေ။

အသက်ရှည်နေထိုင်မှု နဲ့ မြန်မာနိုင်ငံ


မြန်မာနိုင်ငံတွင် ပြန်ကြည့်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ကင်ဆာများဖြင့် သေကြေနေသူများ အလွန်အင်မတန်များသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော စစ်တမ်းများ ကျွန်တော်တွင် မရှိသည့်အတွက်ကြောင့် သက်သေမပြနိုင်ပါ။ သို့သော် သေဆုံးသူများတွင် အသည်းကင်ဆာကြောင့် (အရက်သေစာ သောက်သုံးမှုကြောင့်) သေဆုံးသူ အဆုတ်ကင်ဆာ (ဆေးလိပ် ကွမ်း များကြောင့်) သေဆုံးသူ ပါးစပပ်ကင်ဆာကြောင့် သေဆုံးသူ၊ များမှာ ရာခိုင်နှုန်းအားဖြင့် သေဆုံးသူ၏ ၇၀ ရာခိုင်နှုန်းလောက်ရှိနိုင်သည်။ ထိုအပြင် အစားအစာများမှာ တွေ့ရသော မှိုများ၊ ကြက်သွန်နီ များနှင့် အသီးအနှံ တချို့တွင်တွေ့ရသော မှိုများကြောင့် သေသူတွေက မနည်းလှပါ။

ကမ္ဘာ ပေါ်တွင် သက်တမ်း ဘယ်လောက် ရှည်ရှည်နေနိုင်ကြသလဲဆိုတဲ့ Life Expectancy ကို လေ့လာကြည်မိတော့ ဂျပန် နိုင်ငံတွင် အသက် ၈၅ နှစ်၊ ၾသစေတ်းလ် နိုင်ငံ ၈၃နှစ် ဂျာမဏီ ၈၁ နှစ် အမေရိက ၈၀နှစ် နောက်ဆုံး တရုတ်နိုင်ငံတွင် ၇၆ နှစ် အထိ ရှိပါသည်။ ဘာလို့ ဒီနိုင်ငံတွေရဲ့ အသက်ကို ကောက်နှုတ် တင်ပြနေရသလဲ ဆိုလျင်တော့ ထိုနိုင်ငံများ၏ ကျောက်မီးသွေးစက်၇ုံများကို အသုံးပြုကာ လျှပ်စစ်ထုတ်လုပ်နေသော အခြေအနေကို တင်ပြလိုသောကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အသက်ရှင် နေထိုင်မှုကို အပြေးအလွှားသွားကြည်မိပါသည်။ အသက် ၆၈ နှစ်။ ကျောက်မီးသွေး စက်ရုံ ဖြစ်ဖြစ်မြောက်မြောက် မရှိသည့် မြန်မာနိုင်ငံတွင် ဘာလို့ အသက် ၆၈ နှစ်သာ ရှိပါသလဲ ဘာလို့ ကင်ဆာတွေ နဲ့ နေ့စဉ် သေဆုံးနေသူတွေ များနေပါသလဲ။ နာမညကြီး ဂျာနယ်ကြီးဆိုသလို ကျောက်မီးသွေးကြောင့် ကင်ဆာတွေ ဖြစ်ပြီး မြန်မြန် အသက်ဆုံးရှုံးနိုင်တယ်လို့ အတင်းကာရော လိုသလို ဆွဲပြီး ရေးထားသလို ကျောက်မီးသွေး မရှိသည့် မြန်မာနိုင်ငံကြီး အသက် မရှည်သင့်ပေဘူးလား။ ကျောက်မီးသွေးတွေ တန်ချီ ထောင်ချီူ သုံးကာ လျှ့်စစ်ထုတ်နေတဲ့ နိုင်ငံတွေရဲ့ အသက်တွေက ၈၀ထက် အောက်မကျ။ ဂျာနယ်ကြီးရဲ့ သုံးသပ်ချက် ပြန်စီစစ်ရန်လိုပါသည်။  

 http://www.infoplease.com/world/statistics/life-expectancy-country.html

နောက်ထပ်ရက်တွေမှာ ကမ္ဘာနိုင်ငံကြီးတွေမှာ လျှပ်စစ် ဘယ်လို ထုတ်လုပ်သလဲ ဆိုတာကို အင်တာနက်ရတဲံ သတင်းအချက်အလက် များ ရောင်စုံဓါတ်ပုံမျာနဲ့ တင်ပြပါမယ်။

မောင်ခြိမ့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...